မခိုင်လေးလို့အများကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ဟာ မြန်မာနိုင်ငံထိပ်တန်းရုပ်ရှင်မင်းသမီးများထဲတွင်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဆယ်စုနှစ်တိုင်အောင် ပရိတ်သတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရယူထားနိုင်သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ကျရာဇာတ်ရုပ်များတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ရွှေစင်ထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

မအေးသောင်းလို့ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေးအေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်အဝတ်အစားလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုဖမ်းစားထားတာပါ။ သူမဟာ အနုပညာလောကမှအချိန်အတော်ကြာပျောက်ကွယ်ခဲ့ပြီးယခုအချိန်မှာတော့ ပရိတ်သတ်တွေအတွက်ဇာတ်ကားများပြန်လည်ရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ အများအပြားလက်ခံရိုက်ကူးလျက်ရှိနေတာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ လက်ရှိမှာတော့ ပြင်ဦးလွင်မှာရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ သူမတို့နှစ်ယောက်အပြင် ထိပ်တန်းသရုပ်ဆောင်မင်းသားချောလေးမြင့်မြတ်နဲ့အတူ အခြားသရုပ်ဆောင်များစွာပါဝင်ထားတာပဲ ဖြစ်ပါတယ်။ မအေးသောင်းနဲ့မခိုင်လေးကတော့ လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ သူမတို့ရိုက်ကူးထားတဲ့ဇာတ်ကောင်နာမည်တွေဖြစ်တဲ့ " ဘဲဥမနဲ့ ပေါက်စီမ " ဆိုပြီး လူမှုကွန်ယက်မှာ Live လွှင့်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြပါဦးနော်။

Source- Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။