ပရိသတ်ကြီးရေ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ ချစ်ခင်ပွန်းရယ် သမီးနှစ်ယောက်ရယ်နဲ့အတူ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေကြတာပဲဖြစ်ပါတယ်။စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးကို အမြဲတမ်း Supriseတွေလုပ်ပေးပြီး ကြင်နာယုယတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။သမီးလေးနှစ်ယောက်ကလည်း ဆယ်ကျော်သက်လေးတွေဖြစ်တာကြောင့် စမိုင်းလ်အတွက် အဖော်ရစေတဲ့ သမီးလေးတွေပါ။

စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်က စမိုင်းလ်နဲ့တူလို့ ဘိုဆန်ဆန်လှကြတဲ့ ကလေးတွေပါနော်။သမီးကြီးလေးကတော့ မေမေ့လိုပဲအနုပညာဝါသနာပါသူလေးဖြစ်လို့ တတ်နိုင်သလောက်လေးနဲ့အနုပညာအလုပ်တွေကိုအစပျိုးနေပြီဖြစ်ပါတယ်။စမိုင်းလ်ကလည်း အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာပါဝင်နေပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ အိုင်တင်အသစ်အဆန်းလေးတွေနဲ့ကြိုးစားထားတာကို ဇာတ်ကားကြီးရုံတင်ရင်တွေ့မြင်ရတော့မှာပါနော်။

စမိုင်းလ်က မကြာခင်မှာ ၃၅နှစ်ပြည့်တော့မှာဖြစ်ပြီး အခုဆိုရင်တော့ စမိုင်းလ်က"သမီးလေးမွေးနေ့နဲ့ကျမရဲ့ကျရောက်မဲ့ ၃၅ နှစ်ပြည့်မွေးနေ့အလှူ .. ကြာသာပတေးစောင်းတန်းတိုင်လုံး ၄ လုံးအလှူငွေ သိန်း ၂၆၀,၆၀၀၀၀ လှူဒါန်းမှူအစုစုအားကုသိုလ်ယူကြပါ "ဆိုပြီး သားအမိနှစ်ယောက်ရဲ့ မွေးနေ့လေးအတွက် သိန်းပေါင်းများစွာကို သဒ္ဒာတရားထက်သန်ပြီး လှူဒါန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။