ချစ်သက်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့်ကတော့ မြန်မာနိုင်ငံရဧ့ ထိပ်တန်းမင်းသမီးချောတစ်ဦးဖြစ်သလို ဟန်ဆောင်မှုကင်းပြီး ဖြူစင်ပွင့်လင်းတဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေရတာပါ..။

သရုပ်ဆောင်ပိုင်နိုင်မှုတွေကလည်း ပရိသတ်တွေကိုအံ့သြသင့်စေပြီး အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ်ရပ်တည်နေသလို ကြည်နူးစရာကာင်းလွန်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်..။

အသည်းကျော်လေး ချစ်သက်ကတော့ အနုပညာသက်တမ်းနှစ်(၂၀) လုံးမှာ ချစ်ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပတထမဆုံးအကြိမ် ပရိသတ်တွေ့ဆုံပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်..။

ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံပွဲလေးမှာလည်း ချစ်ပရိသတ်တွေရဲ့ သီချင်းဆို ဂုဏ်ပြုပေးတဲ့ သီချင်းလေးကြောင့်လည်း ကြည်နူးဝမ်းသာမျက်ရည်လေးတွေ ကျခဲ့ပါတယ်နော်..။

ကြည်နူးစရာကောင်းလွန်းတဲ့ ပရိသတ်တွေရဲ့ အားပေးဂုဏ်ပြုသီချင်းလေးကြောင့် ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ရတဲ့ ချစ်သက်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကြည့်ရင်း ကြည်နူးမိမှာပါနော်..။

ချစ်စရာ မိသားစုလေးနဲ့အတူ ပရိသတ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ချစ်သက်လေးတို့ရဲ့ ပျော်ရွှင်စရာဗီဒီယိုဖိုင်လးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သက်မွန်မြင့်၊ Win Ni Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။