ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပရိသတ်အချစ်တော်တွေထဲမှာ မိုးယုစံရဲ့ မောင်ချောလေး ဆန်းလင်းထွန်းကလည်း အပါအဝင်ပါပဲ..။

မိုးယုရဲ့မောင်လေး ဆန်းလင်းထွန်းကတော့ Lose2 Win with Andy ပြိုင်ပွဲကြီးမှာ Winner ဆုကို ရရှိခဲ့သူဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပဲ ဖြစ်ပါတယ်..။

Lose2Win with Andy Season - 2 ပြိုင်ပွဲတစ်လျှောက် မလျော့သောဇွဲ ၊ မဆုတ်မနစ်တဲ့အားထုတ်မှုတွေနဲ့ ကြိုးစားခဲ့တဲ့ Winner ဆုရှင်ဖြစ်သလို ချောမောပြီး ယောကျၤားပီသတဲ့ ဥပဓိရုပ်ရည်နဲ့ ဆွဲဆောင်မှုရှိတဲ့ Body တွေကိုလည်း ပိုင်ဆိုင်ထားတာမို့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံး ရရှိထားတာလည်း တွေ့ရပါတယ်..။

မိုးယုနဲ့ မောင်ချောလေး ဆန်းလင်းထွန်းတို့ကတော့ လတ်တလောမှာ မိသားစုနဲ့အတူ ခရီးတွေဆက်တိုက်ထွက်ရှိနေကြပြီး ခရီးသွားဓာတ်ဖမ်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

ဆိုင်ကယ်ပေါ်မှာ ပို့စ်ပေးဓာတ်ဖမ်းခဲ့တဲ့ ဆန်းလင်းထွန်းရဲ့ ဆွဲဆောင်မှုရှိရှိ ယောကျၤားပီသတဲ့ အမိုက်စားပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေ အသည်းကြွေခဲ့ရတာလည်း တွေ့ရပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ဆန်းလင်းထွန်းရဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေတင်ဆက်ပေးလိုက်တာမို့ ပရိသတ်ေွလည်း သဘောကျနေကြမှာပါနော်..။

Photo - ဆန်းလင်းထွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။