လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားတဲ့ အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ကတော့ လတ်တလောမှာ သီချင်းအသစ်တွေ ဖန်တီးနေတာ ဖြစ်ပါတယ်။ လွှမ်းပိုင်ရဲ့သီချင်းအသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်အတွက်ကတော့ ဒီနေ့မှာ သတင်းကောင်းလေးတစ်ခုရှိနေတာ ဖြစ်ပါတယ်။ ဒါကတော့ လွှမ်းပိုင်က '' Wish You Have A Better Day '' ဆိုတဲ့ သီချင်းသစ်လေးကို မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီသီချင်းသစ်လေးကိုတော့ လွှမ်းပိုင်က သူကိုယ်တိုင်ရေးစပ်ဖန်တီးပြီး သီဆိုထားတာပဲ ဖြစ်ပါတယ်။ မတူညီတဲ့ကာရန်အသစ်တွေ စာသားအသစ်တွေနဲ့ အရမ်းကိုထိမိလွန်းတဲ့ လွှမ်းပိုင်ရဲ့သီချင်းအသစ်လေးက ထွက်ရှိချိန်ခဏလေးအတွင်းမှာတင် ကြည့်ရှုသူအများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသီချင်းလေးက မကြာခင် လူငယ်ပရိသတ်တွေကြား ထပ်မံရေပန်းစားလာတော့မယ့် သီချင်းလေးတစ်ပုဒ် ဖြစ်လာမှာတော့ အသေအချာပါပဲနော်။

အထူးသဖြင့် ဒီသီချင်းလေးရဲ့ Music Videoလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ လွှမ်းပိုင်ရဲ့စတိုင်နဲ့ ဖက်ရှင်တွေကလည်း လုံးဝကို အဂေါ်တလိုင်း ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက လွှမ်းပိုင်ဆိုတာနဲ့ အပြတ်အသတ် အားပေးဝန်းရံနေကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဒီနေ့မှာ အသစ်ထွက်ရှိလာတဲ့ လွှမ်းပိုင်ရဲ့ ''Wish You Have A Better Day '' ဆိုတဲ့ သီချင်းဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Hlwan Paing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။