လူတိုင်းအားကျရတဲ့ ပိုင်ဇေရဲထွန်းတဲ့ ဇင်သဲနိုင်တို့မိသားစုလေးဟာ လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အပျော်ခရီးသွားခဲ့ကြပြီး ပျော်စရာအချိန်တွေကို အတူတူ ကုန်ဆုံးနေကြပုံက ကြည်နူးစရာပါပရိသတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ သမီးလေးအပြင် ဖေဖေမေမေတို့ရဲ့ အလှတွေကို အပြည့်အဝ အမွေရထားတဲ့ သားချောလေးနှစ်ယောက် ကလည်း အတော်လေးကိုပျော်နေပုံပါပဲ။

အချိန်တိုင်းလှပနေတဲ့ ဇနီးသည်နဲ့ အသက်အရွယ်ရလာတာတောင် အရင်ကလို ခန့်ညားနေဆဲ ခင်ပွန်းသည်တို့ရဲ့ ချစ်ခင်ကြင်နာပုံလေးတွေဟာ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့ပါ တယ်။ ဇနီးသည်ကို အရမ်းဂရုစိုက်ပြီး ကြင်ကြင်နာနာ ချစ်တတ်ပုံက အမျိုးသမီးတိုင်းလိုလို အားကျခဲ့ရပါတယ်။ သိပ်ချစ်တတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ခွင့်ရလို့လည်း သဲရဲ့မိသားစုဘဝလေးဟာ သာယာစိုပြေနေခဲ့တာပေါ့။

မိသားစုလိုက်ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို " သူတို့ခေတ်ပါကွာ My beloved 3J " ဆိုပြီး သဲတစ်ယောက်သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့မိသားစု လေးရဲ့ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေဟာ မြင်သူတိုင်းကို အပျော်တွေ ကူးစက်စေမှာမို့ တင်ဆက် ပေးလိုက်တယ်နော်။

Photo - Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။