အဆိုတော်အိမ့်ချစ်နဲ့ ဂျူဝယ်တို့နှစ်ယောက်သား ဝါရင့်အဆိုတော် ဦးအောင်ရင်နဲ့အတူ LA ကို ရောက်ရှိ နေတာပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးမှာ ရေမြေခြား က မြန်မာပရိသတ်တွေနဲ့ ဆုံတွေ့ရပြီး ဖျော်ဖြေခဲ့ရတဲ့ အမှတ်တရတွေဟာ တကယ့်ကို မမေ့နိုင်စရာပါ။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးနှစ်ယောက် အရှေ့မှာ ဟဲလေးရဲ့ သီချင်းကိုဆိုနေစဉ်မှာပဲ ဦးအောင်ရင်က အနောက်ကနေ ဝင်ရောက်နောက်ပြောင်ခဲ့တာ ပဲဖြစ်ပါတယ်။

မကြာသေးခင်ကမှ သားဖြစ်သူ အကျဉ်းထောင်ကလွတ်မြောက်လာခဲ့တာကြောင့် မိသားစုတွေ အားလုံး လန်းဆန်းနေတာဖြစ်ပြီး ဦးအောင်ရင်လည်း စိတ်ချမ်းချမ်းသာသာနဲ့ အရင်လို ပြန်ပြီးနုပျို လာပုံပါပဲပရိသတ်ကြီးရေ။ သုံးယောက်သား နိုင်ငံခြားဖျော်ဖြေရေး ခရီးစဉ်မှာ ဖျော်ဖြေမှုတွေအပြင် ကိုယ်ပိုင်အချိန်လေးတွေမှာလည်း ပျော်ပျော်ပါးပါး ဖြတ်သန်းနေပုံက ကြည်နူးစရာပါ။

အိမ့်ချစ်နဲ့ဂျူဝယ်တို့နှစ်ယောက်သား ဟဲလေးရဲ့သီချင်းကို သံပြိုင်ဆိုနေစဉ် ဦးအောင်ရင် က အနောက်က ခပ်နောက်နောက်ဟာမိုနီလေးလိုက်ပုံက တကယ့်ကိုရယ်ချင်စရာပါ။ အသက်ဘယ်လောက်ကြီးကြီး နှလုံးသာနုပျိုနေရင် အရွယ်သုံးပါးလုံးနဲ့အတူတူ ပျော်လို့ ရတယ်ဆိုတာကို ဦးအောင်ရင်က သက်သေပြသွားပြီနော်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။