စိတ်ထားလေးဖြူစင်အေးချမ်းတဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ အခုနောက်ပိုင်းမှာ ပိုပိုပြီးအောင်မြင်လာပြီး ပရိသတ်တွေချစ်ခြင်းမေတ္တာတွေကိုလည်းအများအပြားပိုင်ဆိုင်ထားသူလေးပါနော်။အေးမြတ်သူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလာပြီး သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း အရမ်းပီပြင်တာကြောင့် အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိထားပါတယ်နော်။

အေးမြတ်သူကတော့ ပရိသတ်တွေနဲ့လည်း တရင်းတနှီးပြောဆိုဆက်ဆံပြီး လူတန်းစားမခွဲခြားဘဲ ဖော်ရွေတတ်တဲ့မင်းသမီးလေးပါနော်။အေးမြတ်သူက တတ်နိုင်သလောက်ကို အမြဲတမ်းလှူဒါန်းနေပြီး စိတ်သဘောထားလေးဖြူစင်ကာ အေးချမ်းစွာကုသိုလ်ယူတတ်တာဖြစ်ပါတယ်။အေးမြတ်သူရဲ့ ချစ်ပရိသတ်တွေကလည်း အေးမြတ်သူရဲ့ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ပရိသတ်တွေအပေါ်အလေးထားတဲ့စိတ်လေးကို ချီးကျူပြီးအားပေးနေကြတာဖြစ်ပါတယ်။

အေးမြတ်သူကတော့ အခုလက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ခရီးတွေထွက်နေကြပြီး အခုဆိုရင် ပုပ္ပါးကိုရောက်ရှိနေတာဖြစ်ပါတယ်။။အေးမြတ်သူကတော့ ပုပ္ပါးကိုရောက်တုန်းလေးမှာ ပုပ္ပါးကမျောက်လေးတွေအတွက် ပြောင်းဖူးတွေ သရက်သီးတွေ ငှက်ပျောသီးတွေကို ကျွေးမွေးနေပြီး လိမ္မာတဲ့မျောက်လေးတွေကလည်း စနစ်တကျစားသောက်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Aye Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။