သီချင်းအေးအေးလေးနဲ့ပရိသတ်တွေရဲ့ရင်ထဲကိုယနေ့ထက်ထိနေရာယူထားသူလေးကတော့ အဆိုတော် ဝိုင်းစုခိုင်သိန်းပဲ ဖြစ်ပါတယ်။ ဝိုင်းစုဟာ ဂီတဘက်တွင်အောင်မြင်ရုံသာမကပဲ သရုပ်ဆောင်ပညာမှာပါ ပါရမီရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ချစ်ရသူလေးနဲ့အတူတူ အောင်မြင်မှုတွေများစွာနဲ့လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ 

ပြန်ဆိုတေးများသီဆိုရာတွင်လည်း ပရိသတ်တွေနားထဲကိုယနေ့ထိတိုင် ရေပန်းစားနေဆဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူအောင်လနဲ့လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာပါ။ သူတို့နှစ်ယောက်လုံးဟာလည်း အနုပညာကိုချစ်မြတ်နိုးသူများဖြစ်ကြသူပီပီ ကိုယ်ဝါသနာပါရာ ဂီတအလုပ်တွေကိုတိုင်တိုင်ပင်ပင်နဲ့လုပ်ကိုင်နေကြတာပါ။ သူတို့နှစ်ယောက်တွဲပြီးသီဆိုထားတဲ့ သီချင်းလေးတွေဟာလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကြခဲ့တာလည်း ဖြစ်ပါတယ်။  

အခုတစ်ခေါက်မှာလည်း အောင်လကိုယ်တိုင် စန္ဒယားတီးကာ ဝိုင်းစုသီဆိုနေတဲ့သီချင်းဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ ဒီသီချင်းလေးကတော့ အဆိုတော်တင်ဇာမော်ရဲ့တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ " မှားပြန်တယ် " ဆိုတဲ့သီချင်းလေးပဲဖြစ်ပြီး ဝိုင်းစုကလည်း " ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ ကိုယ့်ရဲ့idolပါ

အခုအချိန်ထိလည်းအရမ်းကြိုက်

အရမ်းအာပေးလျှက်ပါ

အမှားပါသွားရင်လွင့်လွှတ်ပါနော်

အခုထိ ကြိုက်တုန်းမို့ အမရေ respect ပါ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ ပရိသတ်တွေလည်း အသံပါဝါအားကောင်းကောင်းနဲ့သီဆိုထားတဲ့ ဒီသီချင်းဗီဒီယိုလေးကို အားပေးကြပါဦးနော်။

Source- Wine Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။