ကိုပါအမေရိကပြိုင်ပွဲတွေထဲကတစ်ပွဲဖြစ်တဲ့ချီလီအသင်းနဲ့ဂျပန်အသင်းတို့ပွဲစဉ်မှာတော့ချီလီအသင်းက(၄-ဝ)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့နှစ်သင်းလုံးဟာတစ်ဖက်တစ်ဖက်အပြန်အလှန်ထိုးပေါက်ရင်းနဲ့ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။ဒီပွဲစဉ်မှာတော့ဂျပန်အသင်းဟာအကောင်းဆုံးခြေစွမ်းတွေပြနိုင်ခဲ့ပေမယ့်အဆုံးသတ်ညံ့ဖျင်းခဲ့တာကြောင့်ထင်သလောက်ဂိုးတွေမရခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ချီလီတိုက်စစ်မှူးဆန်းချက်ကတော့အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့ပြီးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ဒီပြိုင်ပွဲမှာတော့အသင်းပေါင်း၁၂သင်းက၄သင်း၃အုပ်စုကစားကြတာဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့အဖွင့်ဂိုးကိုတော့၄၁မိနစ်မှာ Pulgar ကသွင်းယူပေးခဲ့တာဖြစ်ပြီးပထမပိုင်းအပြီးမှာတော့ချီလီအသင်းက(၁-ဝ)နဲ့ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ဂျပန်အသင်းဟာမာကျောတဲ့စိတ်ဓာတ်တွေနဲ့ထိုးဖောက်တိုက်စစ်တွေနဲ့ဖိအားပေးကစားခဲ့ပေမယ့်ချီလီအသင်းနဲ့တိကျတဲ့တိုက်စစ်တွေကဂိုးတွေအဖြစ်ပြောင်းလဲခဲ့တာပါ။၅၄မိနစ်မှာ Vargas ၊၈၂မိနစ်မှာ Sunchezနဲ့၈၃မိနစ်မှာ Vargas တို့ကပါသွင်းယူခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းပွဲချိန်တောက်လျောက်လုံးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ချီလီအသင်းနဲ့ဂျပန်အသင်းတို့ရဲ့ပွဲ highlights လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။