သရုပ်ဆောင်မေမြင့်မိုရ်ဟာဆိုရင် "ပုဂံမြို့သူ"၊ "အရိပ်" စတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ နာမည်ကြီးလူကြိုက်များခဲ့တာဖြစ်ပြီး နောက်ထက်ကောင်းမွန်သော အသစ်သစ်တွေကို ပရိသတ်ကြီးအတွက် ကြိုးစားဖန်တီးပေးနေတာဖြစ်ပါတယ်။ ချစ်မွှေးပါတဲ့ မေမြင့်မိုရ်တစ်ယောက်ကတော့ ကြည့်လိုက်သူတို့ရဲ့ရင်ထဲအသည်းတွေကို အေးမျှသွားစေလောက်အောင် လှပချောမောသူတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ရိုးသားကြိုးစားစွာ လျှောက်လှမ်းနေသလို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းကိုလည်း တလေးတစားနဲ့ အချိန်ပေးပြီး ပျော်ရွှင်စရာဘဝလေးကို ဖန်တီးတည်ဆောက် နေတာကိုလည်း ပရိသတ်ကြီးအနေနဲ့ မုဒိတာပွားဖွယ်မြင်တွေ့ရမှာပါ။

ဖွင့်ပွဲ အခမ်းအနားတွေ၊ ဖျော်ဖြေရေးပွဲတွေကိုလည်း ဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံရှိ ထိတ်တန်းမင်းသမီးတစ်ဦးထဲက တစ်ယောက်ဖြစ်ပါတယ်။ ခရီးသွားဝါသနာပါပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာ အပန်းဖြေခရီးထွက်လေ့ရှိတာဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်နင်းမှုတွေကြောင့် ပရိသတ်အချစ်တော် မင်းသမီးလေးတစ်ယောက်အဖြစ် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားကျော်ကြားလို့နေတာလို့ပြောရင် လွန်မယ်ထင်ပါဖူးနော်။

မေမြင့်မိုရ်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း အရင်နဲ့မတူ တစ်မူထူးပြီး Instagram စာမျက်နှာပေါ်တွင် ဘိုမရုပ်လေးလို ချစ်ဖို့ကောင်းတဲ့ အမိုက်စားဗီဒီယိုဖိုင်လေးတွေကို ပြုလုပ်ဖန်တီးထားပြီး ပရိသတ်တွေ ခံစားကြရအောင် တင်ဆက်ပြသထားတာပါ...။ Myanmarload ပရိသတ်ကြီးလည်း ဗီဒီယိုဖိုင်လေးတွေကို ကြည့်ရှုခံစားရင်း မေမြင့်မိုရ်ကို ဆက်လက်အားပေးသွားကြပါဦးနော်...။

Source May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။