အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ကောင်းခန့်ဟာ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် ပုံလေးတွေမကြာခဏတင်လေ့ရှိပါတယ်။

အိမ်ထောင်ပြုထားတာ (၉)လရှိပြီဖြစ်တဲ့ ကောင်းခန့်ဟာ ပြည်ထောင်စုသစ္စာဇာတ်ကားမှာလည်း ပရိသတ်တွေအားပေးမှုရရှိခဲ့ပါတယ်။

ဧပြီလ(၁၆)ရက်နေ့မှာကျရောက်တဲ့ ကောင်းခန့် တို့ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း (၁၁)နှစ်ပြည့်မှာတော့ ကောင်းခန့်က သူ့ရဲ့ချစ်ဇနီးလေးကို အခုလို တော်ကီတွေနဲ့ချုပ်လိုက်ပါတယ်တဲ့။

“ 16th April သူမနဲ့ ကျွန်တော် စတွေ့ခဲ့တာ ၁၂ နှစ်ပြည့်ခဲ့ပြီ

16th April သူမနဲ့ ကျွန်တော် ချစ်ခဲ့ကြတာ ၁၁ နှစ်ပြည့်ခဲ့ပြီ

16th April သူမနဲ့ ကျွန်တော် လက်ထပ်ခဲ့ကြတာ ၉ လနီးပါးရောက်ခဲ့ပြီ

16th April သူမနဲ့ ကျွန်တော် မိသားစုဘဝလေး တည်ဆောက်ဖို့ ရင်သွေးလေးလွယ်ထားတာ (၆)လနီးပါး ရောက်ခဲ့ပြီ

16th April ဒီလိုနေ့မျိုး တွေကိုသူမနဲ့ ကျွန်တော် ပျော်ရွှင်စွာ မိသားစုဘဝလေး ပျိုးထောင်ကြိုးစားရင်းနဲ့ နောင်(16th April)ပေါင်းများစွာကို ဖြတ်သန်းသွားချင်တယ်

စကားမစပ် သိပ်ချစ်တယ် မိန်းမ””

ဧပြီလ(၁၆)ရက်မှာကျရောက်တဲ့ ကောင်းခန့်တို့ဇနီးမောင်နှံရဲ့ အဓိပ္ပာယ်ပြည့်စုံလှတဲ့ နှစ်ပတ်လည်နေ့လေးအတွက် ပရိသတ်ကြီးလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။

ဒီဇနီးမောင်နှံ ပျော်ရွှင်တဲ့ မိသားစုဘဝလေး တည်ဆောက်နိုင်ပါစေ။

သတင်းအရင်းမြစ် kaung khant fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။