တစ်ခါတစ်လေမှာ Hollywood သရုပ်ဆောင်မင်းသားမင်းသမီးတွေဟာ ရုပ်ရှင်ထဲမှာတင်မဟုတ်ပဲ တကယ့်လက်တွေ့ဘဝမှာပါချစ်သူတွေဖြစ်တက်သွားကြတက်ပါတယ်။ ခုဆိုရင်တော့ ရုပ်ရှင်ရိုက်နေတုန်း ချစ်သူတွေဖြစ်သွားကြတဲ့ Hollywood Celebrity တချို့ကိုဖော်ပြသွားမှာဖြစ်ပါတယ်။ Richard Burton နဲ့ Elizabeth Taylor တို့ဟာဆိုရင် Hollywood လောကမှာ ကျော်ကြားမှုအများဆုံး ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာဆိုရင် ၁၉၆၃ခုနှစ် Cleopatra ဆိုတဲ့ကားမှာ စတင်တွေ့ရှိခဲ့ပြီး ချစ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၇၄ခုနှစ်မှာ သူတို့နှစ်ယောက်ဟာ တရားဝင်ကွာရှင်းခဲ့ကာ ၁၉၇၅ခုနှစ်မှာ ပြန်လည်လက်ထပ်ခဲ့ပြီး နောက်တစ်နှစ်မှာပဲ ထပ်မံကွာရှင်းခဲ့ကြပါတယ်။Brad Pitt နဲ့ Angelina Jolie တို့ကတော့ ပရိသတ်ကြီးသိတဲ့အတိုင်း ၂၀၀၅ခုနှစ်မှာ Mr and Mrs Smith ဆိုတဲ့ကားကို ရိုက်ကူးရင်ချစ်သွားကြကာ ဇနီးမောင်နှံတွေဖြစ်လာကြသူတွေပဲဖြစ်ပါတယ်။  

သူတို့တွေလက်ထပ်ပြီးနောက် ကလေး၃ယောက်ကိုမွေးခဲ့ပြီး ၃ယောက်ကိုတော့ မွေးစားခဲ့ပါတယ်။ ဒါပေမဲ့လဲ ၂ယောက်က ၂၀၁၆ခုနှစ်မှာ တရားဝင်ကွာရှင်းခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Step Up ဆိုတဲ့ကားထဲက Channing Tatum နဲ့ Jenna Dewan-Tatum တို့ဟာဆိုရင် အဲ့ကားရိုက်နေတုန်း ချစ်သူတွေဖြစ်ခဲ့ကြကာ ၃နှစ်အကြာမှာတော့ လက်ထပ်ခဲ့ကြပြီး ၂၀၁၃မှာ သမီးလေး Everly ကို လူ့လောကထဲက ကြိုဆိုခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၂ယောက်က ကွာရှင်းခဲ့ကြပါတယ်။Deadpool မင်းသား Ryan Reynolds နဲ့ Blake Lively တို့ဟာဆိုရင် ၂၀၁၁ခုနှစ်တုန်းက Green Lantern ကားကိုရိုက်ကူးရင် ချစ်သူတွေဖြစ်လာခဲ့ကြပါတယ်။ ၂၀၁၂ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ယနေ့ချိန်မှာတော့ သမီးလေး၂ယောက်ကိုပိုင်ဆိုင်ထားပါတယ်။  

Daredevil ကားနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ Cele တွေကတော့ Ben Affleck နဲ့ Jennifer Garner တို့ပဲဖြစ်ကာ ၂၀၀၅ခုနှစ်မှာ လက်ထပ်ပြီး ကလေး ၃ယောက်ရခဲ့ကာ ၂၀၁၈ခုနှစ်မှာ တရားဝင်ကွာရှင်းခဲ့ကြပါတယ်။ ၂၀၁၂ခုနှစ်တုန်းက The Amazing Spiderman ကားနဲ့အတူ Andrew Garfield နဲ့ Emma Stone တို့ဟာချစ်သူတွေ ဖြစ်ခဲ့ကြပြီး ၂၀၁၅ခုနှစ်မှာ လမ်းခွဲခဲ့ကြကာ Emma တစ်ယောက် La La Land ဆိုတဲ့ကားနဲ့ အကောင်းဆုံး မင်းသမီးဆုကိုရခဲ့တဲ့ချိန်မှာ Andrew ကမျက်ရည်တွေကျနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပရိသတ်တွေအတော်အများ အားကျရတဲ့ Twilight သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်တဲ့ Robert Pattinson နဲ့ Kristen Stewart တို့ပဲဖြစ်ပါတယ်။ နှစ်ယောက်က အဲ့ကားရိုက်ရင်းနဲ့ချစ်သူတွေဖြစ်လာခဲ့ကြကာ ပရိသတ်တွေ အားကျနှစ်သက်ခဲ့ကြပါတယ်။ ဒါပေမဲ့လဲ သူတို့နှစ်ယောက်က ပြတ်သွားခဲ့ပြီး Kristen ကခုချိန်မှာ မော်ဒယ်မလေး Stella Maxwell နဲ့တွဲနေပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။