မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ အိချောပိုရဲ့ သင်္ကြန်ဖက်ရှင်လေးတွေကို စုစီးပြီး ဖော်ပြပေးလိုက်ပါတယ်နော်……

အိချောပိုဟာ အနုပညာပျိုးခင်း(၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ လှပဆွဲဆောင်မှုရှိတဲ့ပုံစံ အများနဲ့မတူ တမူထူးတဲ့ သရုပ်ဆောင်ဟန်တို့ကြောင့် ပရိသတ်ကြား ရေပန်းစားလာပြီး ယခုလို အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ် ရပ်တည်လာခြင်းဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်စနိုးနဲ့ စူစူလို့ခေါ်တဲ့သူမကတော့ ယခုနှစ်သင်္ကြန်ကို နေပြည်တော်မှာကျနေတာဖြစ်ပြီး သီချင်းသီဆို ဖျော်ဖြေပေးနေတာ တွေ့ရပါတယ်။ သင်္ကြန်ရက်တွေအတွင်း သူမရဲ့ဖက်ရှင်ဟာ ဆန်းသစ်လှပပြီး လှပတဲ့သူမရဲ့ ကောက်ကြောင်းနဲ့ လိုက်ဖက်လွန်တာကြောင့် ပရိသတ်တွေကြား ရေပန်းစားလှပါတယ်။

ကဲ အခုလည်း သူမရဲ့ သင်္ကြန်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ပရိသတ်ကြီးရေ……

Photo Source: Ei Chaw Po

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။