Priyanka Chopra ဟာဆိုရင် ပြီးခဲ့တဲ့ နှစ်တုန်းက သူရဲ့ပထွေးဖြစ်သူကို Father Day မှာ ဂုဏ်ပြုပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ မိသားစုနဲ့အတူ တစ်နေ့တာကိုဖြတ်သန်းခဲ့ကြပြီး တနင်္ဂနွေနေ့တုန်းကဆိုရင်တော့ ခင်ပွန်းဖြစ်သူ Nick Jonas နဲ့အတူ နယူးယောက်မြို့ထဲ ထွက်ရှိလို့လာခဲ့ပါတယ်။ ၃၆နှစ်ရှိပြီဖြစ်တဲ့ Priyanka ဟာ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Nick နဲ့အတူ Nick အစ်ကိုဖြစ်သူ Joe နဲ့ပါ Hotel ကနေထွက်ရှိလို့လာခဲ့ကြပါတယ်။ Chopra ဝတ်ထားတဲ့ Fashion ကတော့ တကယ့်ကိုလန်းပါတယ်။ 

သူမရဲ့ ဒူးဟာလဲ ဒဏ်ရာရထားတဲ့အတွက်လဲ ဒူးမှာ အကာစွပ်ထားတာကိုလဲတွေ့ရှိရမှာဖြစ်ပါတယ်။ Nick ဟာဆိုရင်လဲ Smart ကျကျဝတ်ဆင်ထားပြီး ထွက်ရှိလာတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Joe ကတော့ သူရဲ့မိန်းမဖြစ်သူ Sophie Turner မပါပဲ ထွက်ရှိလာတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ Priyanka နဲ့ Nick တို့ဟာတစ်နေ့တာကို ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဟာလဲ မမနဲ့မောင်လေးလိုပါပဲ။  

အဲ့နေ့မတိုင်ခင်မှာတော့ Priyanka ဟာသူယောကျာ်းဖြစ်သူ Nick ရဲ့အဖေ Kevin Jonas Snr ကို ကျေးဇူးတင်စကားဆိုကာ အဖေများနေ့မှာ ဂုဏ်ပြုခဲ့ပါတယ်။ ကျေးဇူးတင်ရတဲ့အကြောင်းကတော့ သူမကို Jonas မိသားစုက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တာကြောင့်ဖြစ်ပါတယ်။ Nick ကလဲ အဖေများနေ့မှာ Chopra ရဲ့ အဖေဖြစ်သူ Dr. Ashok Chopra ကို ရည်ညွှန်းဂုဏ်ပြုစာတင်ခဲ့ပါသေးတယ်။ Chopra ရဲ့အဖေကတော့ ၂၀၁၃ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီးဖြစ်ပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။