ချစ်ပရိတ်သတ်ကြီးရေ... တစ်ချိန်က လျှမ်းလှမ်းတောက် အောင်မြင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အကယ်ဒမီဆုရှင်လေး ခိုင်နှင်းဝေဟာ နာမည်ကျော်လေးပါပဲနော်။ သူမဟာ အခုအချိန်မှာတော့ ခိုင်နှင်းဝေ ပရဟိတဖောင်ဒေးရှင်းလေးကိုထူထောင်ပြီးတော့ လူမှုကူညီရေးကိစ္စတွေကို ရှေ့ဆုံးကနေဦးဆောင်ပြီး လုပ်နေခဲ့ပါတယ်နော်။ ဒာ့အပြင် သူမဟာ မိဘမဲ့ကလေးလေးတွေကို မိခင်အရင်းသဖွယ် ပြုစုစောက်ရှောက်ပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ခိုင်မိသားစုလေးကို ကြိုးစားတည်ဆောက်နေခဲ့ပါတယ်နော်။

သူမဟာ ကလေးတွေကို ဝမ်းနဲ့လွယ်ပြီးမမွေးရပေမယ့် သူမရဲ့ ရင်သွေးလေးတွေကို အရမ်းချစ်တာကြောင့် နှလုံးသားလေး ကျောက်ကပ်လေး အသည်းလေးဆိုပြီးတော့ အမြဲလိုလိုခေါ်တတ်ပါတယ်နော်။ ဘာလို့ ကလေးတွေကို င်္ဒလိုခေါ်ရတာလဲဆိုတာနဲပတ်သတ်ပြီးတော့လည်း သူမက " လူတစ်ယောက်မှာ နှလုံး,ကျောက်ကပ်,အသည်း စတဲ့အစိတ်အပိုင်းတွေ ပျက်စီးရင်,မရှိတော့ရင်,ရောဂါဆိုးတွေဖြစ်လာရင် သေကြေပျက်ဆီးကြရမှာဖြစ်သလို ကိုယ့် သား/သမီးတွေ ကိုလည်း ကိုယ့်ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေနဲ့တင်စားပြီး ဘဝရဲ့ အသက်ရှင်ခြင်းရဲ့ မရှိမဖြစ်လေးတွေလို့ သတ်မှတ်ပြီး မိဘတိုင်းရဲ့နှုတ်ဖျားကနေထွက်လာကြတာပေါ့ " ဆိုပြီးတော့ ပြောပြခဲ့ပါတယ်နော်။

အမြဲလိုလို ကလေးတွေရဲ့ ကျန်းမာရေးအတွက်လည်း မိခင်အရင်းသဖွယ် ဂရုစိုက်ပေးစိုးရိမ်ပေးတတ်တဲ့သူမဟာ " ကျမ သား/သမီးတွေဆီရောက်တာနဲ့ သူတို့ရဲ့ပြောင်းလဲမှု,နို့သောက်ရဲ့လား,ကျန်းမာရေးအခြေအနေစတာတွေကို ကလေးတွေရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးနေတဲ့ Special Nurse ကို ဆက်တိုက်မေးနေမိတော့တာ..." ဆိုပြီးတော့ သူမရဲ့ အချစ်တွေက သားသားမီးမီးလေးတွေအတွက်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်နော်။ "သားတို့ သမီးတို့ရေ ကလေးတို့ကမေမေ့ ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေဆိုတာ သေချာနေလို့, ဘယ်တော့မှ အားမငယ်စေရဘူး,,, မညိုးနွမ်းစေရဘူး, ကလေးတို့ မရှိရင် မေမေဆိုတာလဲ ရှိတော့မှာမဟုတ်ဘူးလေ" ဆိုပြီးတော့လည်း မိခင်မေတ္တာတွေအပြည့်နဲ့ဆိုခဲ့ပါတယ် ချစ်ပရိတ်သတ်ကြီးရေ....

Source : Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။