ပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ရဲ့ မိသားစုလေးကတော့ ပျော်ရွှင်အေးချမ်းသာယာပြီး လူအများအားကျရတဲ့မိသားစုလေးပါနော်။ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်က ၁၀နှစ်တိတိကွာတာကြောင့် ချစ်ဇနီးလေးကို အလိုလိုက်အကြိုက်ဆောင်ပြီး အရမ်းကြင်နာယုယတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။ဇင်သဲနိုင်ကလည်း ချစ်ခင်ပွန်းနဲ့သားသမီးတွေအပေါ်မှာ လိုလေသေးမရှိအောင်ဂရုစိုက်ပေးတဲ့အိမ်ရှင်မတစ်ယောက်ပါနော်။

ဇင်သဲနိုင်ရဲ့ သားသမီး၃ယောက်ကလည်း အဖေတူ အမေတူလေးတွေဖြစ်လို့ အရမ်းချစ်စရာကောင်းကြတဲ့ကလေးလေးတွေပါ။မေမေဇင်သဲနိုင်ကလည်း သားသမီးတွေကို ထူးချွန်ထက်မြက်အောင်ပြုစုပျိုးထောင်နေပြီး သူမကိုယ်တိုင်လည်း ထက်မြက်အောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ဇင်သဲနိုင်ကတော့ ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ ကျောက်မျက်ရတနာဆိုင်ကြီးကိုဖွင့်လှစ်ထားပြီး တိုးတက်အောင်မြင်အောင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ဇင်သဲနိုင်နဲ့ပိုင်ဇေရဲထွန်းက မကြာသေးခင်ကမှာ ဥရောပနိုင်ငံတွေကနေ ပြန်လည်ရောက်ရှိလာကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ဇင်သဲနိုင်တို့မိသားစုက Family tripလေးအဖြစ် ထိုင်းကိုသွားကြပြီး မိသားစုတွေပျော်ပျော်ပါးပါးနဲ့လည်ပတ်နေကြပါတယ်နော်။ဇင်သဲနိုင်ကတော့ သူမတို့မိသားစုရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်ကြီးအတွက် Liveလွှင့်ပြီး အပျော်တွေကူးစက်အောင် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။

Source:Zin Thae Naimg

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။