ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော သွန်းဆက်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး လှလှလာသလို ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို ဖမ်းစားတတ်သူလေးပါ..။

သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေ တော်တော်များများလည်း ရိုက်ကူးထားပြီး ကြော်ငြာတွေလည်း ရိုက်ကူးပေးဖြစ်နေသလို သူမရဲ့အမိုက်စားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။


အောင်မြင်တဲ့ အနုပညာရှင်မင်းသမီးချောလေးအဖြစ် ရပ်တည်နေတဲ့ သွန်းဆက်ကတော့ အခုတစ်ခါမှာလည်း တရုတ်မလေးဝတ်စုံနဲ့ ဆွဲဆောင်မှုရှိရှိ ချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်..။

ချစ်စရာကောင်းတဲ့ ပြင်းရှရှတရုတ်မလေးအဖြစ် တခမ်းတနား လှသွေးကြွယ်နေတဲ့ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကတော့ ပုရိသပရိသတ်တွေကို ညို့ယူဖမ်းစားထားသလို မိန်းကလေးပရိသတ်တွေကိုလည်း သဘောကျအချစ်ပိုစေပါတယ်နော်..။


အလန်းစားဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း “အရက်ကို ကြိုက်လို့ မသောက်ပါ ...

ဒဏ်ရာတွေဆေးတာ.." ဆိုပြီးတော့လည်း သွန်းဆက်လေးက ချစ်စဖွယ်လေး ရေးသားထားပြီး ချစ်ပရိသတ်တွေကို မျှဝေထားတာပါ..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သွန်းဆက်ရဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း အလွမ်းပြေလေး မျှဝေထားတာမို့ ကျေနပ်သဘောကျနေကြမှာပါနော်..။

Photo - သွန်းဆက်၊ Kyaw Kyaw Khaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။