တခါတလေမှာဆိုရင်တော့ လူတစ်ချို့ဟာ အွန်လိုင်းပေါ်ကဝယ်လိုရတဲ့ ဈေးဝယ်ပေ့တွေက တက်လာတဲ့ အဝတ်အစားတွေကို ဝယ်တဲ့အခါမှာ size ကိုသေချာမသိဘဲ မှာမိတာမျိုးတွေရှိနေတတ်ပါတယ်။

တခါတလေမှာဆိုရင်တော့ မိမိက L size ဝတ်တဲ့ အွန်လိုင်းကနေ L size ပဲမှာမိတဲ့အခါ ကိုယ့်ဆီရောက်လာတဲ့အခါ အရမ်းသေးနေတာတို့ ဒါမှမဟုတ်ဘဲ သူ့ဆီက L size ကအရမ်းကြီးနေတာမျိုးတွေဖြစ်တတ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း Lydia Ramsey လို့ခေါ်တဲ့ အမျိုးသမီးလေးတစ်ဦးဟာ အွန်လိုင်းကနေ bikini ဝတ်စုံလေးတစ်စုံကို မှာယူခဲ့ပါတယ်။

သူမမှာယူခဲ့ချိန်မှာတော့ size ကို သူမဝယ်သူတဲ့ဆီက တာဝန်ရှိသူတစ်ယောက်နဲ့ ညှိယူပြီး မှာယူခဲ့ပေမယ့်လည်း သူမဆီရောက်လာလို့ ဝတ်ကြည့်တဲ့အခါမှာတော့ ယခုပရိသတ်တွေမြင်တွေ့နေတဲ့ ပုံထဲကအတိုင်းဖြစ်လို့နေခဲ့ပါတယ်။

၎င်းဝတ်စုံရဲ့ size ဟာအရမ်းသေးနေပြီး သူမရဲ့ရင်သားတွေကိုတောင် မပေါ်အောင်အနိုင်နိုင်ဖြစ်နေတဲ့ဝတ်စုံကိုကြည့်ပြီး နောက်ထပ်ဘယ်တော့မှ ကိုယ်တိုင်ဝတ်ကြည့်ပြီးဝယ်လို့မရတဲ့နေရာကနေ မမှာတော့ဘူးဆိုပြီး အွန်လိုင်းမှာ စာရေးတင်ခဲ့ပါသေးတယ်။

ပရိသတ်တွေရော သူမဝတ်ဆင်ပြထားတဲ့ bikini size ဟာ သူမနဲ့တော်တယ်လို့ ထင်ကြလားဆိုတာ ပြောပြခဲ့ကြဦးနော်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။