ဟာသသရုပ်ဆောင် ဒါရိုက်တာ ဦးခင်လှိုင်ရဲ့ ချစ်မဝတဲ့ သမီးချောလေး သဇင်ထူးမြင့် တစ်ယောက် ကျိုက်ထီးရိုးဘုရားသွားခဲ့စဉ်က တွေ့ဆုံခဲ့တဲ့ ချစ်စရာလမ်းပြခွေးလေးနဲ့ အမှတ်တရ Video လေးတွေကို တင်လိုက်တာပဲဖြစ်ပါတယ်။ လတ်တလောမှာ ဒီလမ်းပြ ခွေးလေးက တိချစ်သူတွေကြား မှာ နာမည်ကြီးနေပြီး တကူးတက သွားရောက်တွေ့ဆုံသူ တွေတောင်ရှိနေပါတယ်။ မြန်မာခွေးလေးဖြစ်ပြီး အရမ်းကိုသိတတ်နားလည်ကာ တောင်တက်သူတွေကို လမ်းပြပေးတဲ့ ချစ်စရာကလေးမို့ ချစ်ခင်သူတွေကလည်း လိုရာခရီးရောက်တာနဲ့ လမ်းပြလေးကို စားဖို့မုန့်တွေဝယ်ကျွေးခဲ့ ကြပါသေးတယ်။ အပြန်အလှန်မေတ္တာတရားတွေဟာ သိပ်ကိုကြည်နူးစရာကောင်းလွန်းပါတယ် ပရိသတ်ကြီးရေ။

ကလေးက အရမ်းကိုသိတတ်လိမ်မာပြီး လူစကားလည်းတော်တော်နားလည်ပုံပါပဲ။ လက်ပေးဆိုလည်း လက်ပေးတတ်ပြီး လက်တင်ဆိုလည်း လက်တင်တတ်တဲ့ Video လေးက သက်သေပါပဲ။ မျက်လုံးတစ်ဖက်ကတော့ ထိခိုက်ဒဏ်ရာဖြစ်ထားပုံရပြီး တစ်ခြားတစ်ဖက်ထက်စာရင် သေးငယ်နေတာကိုလည်း စိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားပြည်သူတွေကို အနှောက်အယှက်မပေးပဲ ကူညီလမ်းပြ ပေးတဲ့ ချစ်စရာခွေးလေးကိုလည်း အားလုံးက တော်တော်လေးချစ်ခင်နေကြပါတယ်။

သဲသဲတစ်ယောက် ချစ်စဖွယ်ခွေးလေးနဲ့ Video လေးကို " သူလေးက နာမည်ကြီးဆိုတာ ခုမှသိတယ် အရမ်းလိမ္မာတယ် သားသားလားမီးမီးလား တော့သေချာမသိဘူး ကျိုက်ထီးရိုးဘုရားမှာ လမ်းပြလေးတဲ့ အောင်မြင်နေတာ ကလေးက " ဆိုပြီး လူမှု ကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါ တယ်။ ပရိသတ်ကြီးလည်း ကြုံကြိုက်လို့ ကျိုက်ထီးရိုး ဘုရားကိုရောက်ဖြစ်ခဲ့ရင် သူလေးကို လမ်းပြအဖြစ်နဲ့ အဖော်ခေါ်သွားလို့ရတာပေါ့နော်။

Photo - Thazin Htoo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။