မနေ့က ဇွန်လ ၁၇ ရက်နေ့မှာတော့ တူရကီအနောက်ဘက် ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်မှာ လှေတစီးနစ်မြုပ်ခဲ့တယ်လို့သိရပါတယ်။

၎င်းလှေကတော့ ရွှေ့ပြောင်း ဒုက္ခသည်တွေကိုသယ်ဆောင်လာတဲ့ ရော်ဘာလှေတစီးဖြစ်တယ်လို့ သိရပါတယ်။

၎င်းလှေပေါ်မှာဆိုရင်လည်း ရွှေ့ပြောင်းဒုက္ခသည် အယောက် ၄၀ လောက်လိုက်ပါလာခဲ့ပြီး လှေမှောက်ခဲ့ချိန်မှာတော့ အကုန်လုံးကိုမကယ်တင်နိုင်ခဲ့ပါဘူး။

ကယ်ဆယ်ရေးဝန်ထမ်းတွေအနေနဲ့ဆိုရင်လည်း အယောက် သုံးဆယ်ကျော်လောက်ကိုသာ ကယ်တင်နိုင်ခဲ့ပြီး ၈ ယောက်ကိုတော့ အလောင်းတွေသာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ တာဝန်ရှိသူတွေဟာ ကယ်ဆယ်မှုတွေကို ဆက်လက်ပြုလုပ်ပေးနေပြီး ကျန်းမာရေးအခြေအနေထိခိုက်ခဲ့တဲ့သူတွေကို ဆေးရုံသို့ပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။

Source -Reuters 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။