ချစ်ပရိတ်သတ်ကြီးရေ.... လတ်တလောမှာ လူငယ်ပရိတ်သတ်တွေကြားထဲရေပန်းအရမ်းစားနေပြီး အနုပညာလမ်းကြောင်းပေါ်မှဖြေးဖြေးနဲ့မှန်မှန်လေးလျှောက်လှမ်းနေခဲ့တဲ့ သူလေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်နွယ်နွယ်ထွန်းပဲဖြစ်ပါတယ်နော်။ sexy modelတစ်ယောက်ဖြစ်သလို အမိုက်စားဖက်ရှင်တွေကြောင့်ပုရိသတွေအခိုင်အမာအားပေးခြင်းခံနေရသူလေးပါ။

အမိုက်စား ပြည့်တင်းနေတဲ့ ခန္ဓာကိုယ်လှလှလေးရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ အချွဲပိုနေတဲ့ စကားသံလေးတွေကြောင့် ပရိတ်သတ်တွေအချစ်တွေပိုနေရသူလေးပါနော်။ sexy modelမလေးဖြစ်တဲ့သူမဟာ မြန်မာဆန်ဆန်ပုံစံလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေကို ဝတ်ရတာလည်း ကြိုက်သူလေးတစ်ယောက်ပါပဲနော်။

အခုတစ်ခါမှာလည်း သူမဟာ မြန်မာ့ရိုးရာအမွေအနှစ် ကမ္ဘာကျော် နေရာလေးတစ်ခုဖြစ်တဲ့ ပုဂံမြေပေါ်ကိုရောက်ရှိလို့နေပါတယ်နော်။ သူမဟာ ပုဂံရောက်တုန်းလေး အမှတ်တရပုံလေးတွေရိုက်ရင်းနဲ့ ရိုးရိုးသားသားမြန်မာဝတ်စုံလေးကိုဝတ်ကာ မြန်မာ့ရိုးရာကကွက်လေးတွေကို ကပြနေတဲ့ပုံလေးကို ချစ်ပရိတ်သတ်တွေအတွက် လူမှုစာမျက်နှာပေါ်မှာတင်ထားတာကိုတွေ့ရပါတယ်နော်။ ကဲ..... ပုဂံမြေရဲ့ အလှတရားတွေကိုပေါ်လွင်အောင် မြန်မာမှုအကလေး ကပြီး အားလုံးရဲ့ အချစ်တွေကိုသိမ်းပိုက်ယူသွားတဲ့ နွယ်နွယ်ထွန်းရဲ့ချစ်စရာအကပုံရိပ် လေးတွေကို သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။