၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့အာရှတိုက်ကိုယ်စားပြုကာတာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။ကာတာနိုင်ငံဟာဒီကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရတဲ့အချိန်ကတည်းကကွင်းတွေကိုဆောက်လုပ်နေတာဖြစ်ပါတယ်။ကာတာနိုင်ငံဟာကမ္ဘာဖလားအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့ပေမယ့်လည်းခုချိန်ထိဝေဖန်မှုတွေရှိတုန်းပဲဖြစ်ပါတယ်။

ကာတာနိုင်ငံမှာအလွန်ပူအိုက်တဲ့နိုင်ငံဖြစ်တာကြောင့်ရာသီဥတုအပေါ်ကမ္ဘာ့နိုင်ငံအသီးသီးကဝေဖန်နေကြတာပါ။ဒါပေမယ့်လည်းကာတာနိုင်ငံကဘောလုံးကွင်းတွေထဲမှာလေအေးပေးစက်တွေကိုတပ်ပြီးပရိသတ်တွေကစားသမားတွေအပူမခံရဖို့အဆင့်မြှင့်နည်းပညာတွေနဲ့တည်ဆောက်နေတာဖြစ်ပါတယ်။

ကွင်းအတွင်းမှာလည်းဘောလုံးပွဲကြည့်ဖို့အပြင်ရေကူးကန်တွေ၊ဈေးဝယ်စင်တာတွေပါထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။တစ်နိုင်ငံလုံးနေရာအနှံ့မှာကျင်းပမှာဖြစ်တာကြောင့်ကွင်းအနီးနားကအစသေချာပြင်ဆင်မှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကာတာနိုင်ငံဘယ်လိုပြင်ဆင်ထားလဲဆိုတာကိုအောက်က videoလေးကြည့်ပြီးအားပေးလိုက်ပါဦးနော်။

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။