ပရိသတ်ကြီးရေ မင်းသမီးချောလေးဆုပန်ထွာကတော့ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေကို ရရှိထားတာကြောင့် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။ဆုပန်ထွာကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေ ကြော်ငြာတွေအများအပြားကိုရိုက်ကူးခဲ့ပြီး ဆံနွယ်အရှည်ကြီးနဲ့မြန်မာဆန်ဆန်အလှကိုပိုင်ဆိုင်တဲ့သူပါနော်။

ယခုချိန်မှာဆိုရင်တော့ ဆုပန်ထွာက ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အေးချမ်းတည်ငြိမ်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။ဆုပန်ထွာက ပွဲတွေသွားပြီး ပရိသတ်တွေအတွက် သီချင်းတွေသီဆိုဖျော်ဖြေသလို သူမရဲ့သီချင်းခွေအသစ်ကလည်း မကြာသေးခင်ကမှထွက်ရှိထားတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားအောင်မြင်နေတာကိုတွေ့ရပါတယ်နော်။

ဆုပန်ထွာရဲ့ တစ်ဦးတည်းသောသားလေး Roar Roar လေးကတော့ စကားလေးတွေတီတီတာတာနဲ့ပြောတတ်နေပြီဖြစ်လို့ မေမေဆုပန်ထွာအတွက်ကတော့ အမြဲတမ်းပျော်နေရပါတယ်နော်။အခုဆိုရင်လည်း မိုးအေးအေးလေးမှာ သားအမိနှစ်ယောက်ကွေးနေကြပြီး သားလိမ္မာလေးက မေမေ့ကိုသီချင်းတွေဆိုပြကာ လက်မောင်းလေးကိုပုတ်သိပ်နေတဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။