ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်လည်းဖြစ် အလှမယ်တစ်ယောက်လည်းဖြစ်တဲ့ ဝိုင်းလေးကတော့ အနုပညာလောကထဲမှာ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်ခြင်းတွေကို ရရှိထားတာဖြစ်ပါတယ်နော်။ဝိုင်းလေးရဲ့အသံချိုချိုလေးနဲ့ သီဆိုတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေရဲ့ရင်ကိုတိုက်ရိုက်ထိမှန်ပြီး ခံစားချက်တွေနဲ့ထပ်တူကျတာကြောင့် လူငယ်ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေပါတယ်နော်။

ဝိုင်းလေးကတော့ သီချင်းတွေကို ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုသူဖြစ်လို့ အနုပညာမှာ ပါရမီပါတဲ့အပြင် MTVတွေမှာလည်း ပါဝင်သရုပ်ဆောင်တာကြောင့် သရုပ်ဆောင်စွမ်းရည်လည်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဝိုင်းလေးကတော့ လူငယ်တစ်ယောက်လည်းဖြစ်တာကြောင့် အတွေးသစ်အမြင်သစ်တွေနဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးနေတာပါနော်။

ဝိုင်းလေးကတော့ လူငယ်ပီပီလွတ်လပ်ပျော်ရွှင်စွာနေထိုင်တတ်ပြီး အလှမယ်တစ်ယောက်လို့ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဝိုင်းလေးက ချယ်ရီသီးလေးလို့ အနီရဲရဲလေးနဲ့ စွဲမက်စရာကောင်းအောင် အမူအရာလေးတွေနဲ့ ဆွဲဆောင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။