ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ဒါရိုက်တာ သားညီကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ဆယ်စုနှစ်အကြာ လတ်တလောမှာတော့ ဒါရိုက်တာအဖြစ် ရပ်တည်နေကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်..။


သားညီကတော့ လတ်တလောမှာလည်း သူချစ်တဲ့ အနုပညာအလုပ်တွေကို ဒါရိုက်တာအဖြစ် လုပ်ဆောင်နေပြီး အခုတစ်ခါမှာလည်း အဖေနေရာကနေ သရုပ်ဆောင်ဖို့ လာဌားတဲ့အကြောင်းလေးကို ဟာသနှောပြီး ပြောပြထားပါသေးတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျရောက်ခဲ့တဲ့ အဖေများနေ့က အဖေနေရာမှာ သရုပ်ဆောင်ဖို့ လာဌားတဲ့အကြောင်းလေးကို မှတ်မှတ်ရရနဲ့ သတိတရလေးရှိခဲ့တဲ့ အခွီဖြစ်ရပ်လေးကို ပရိသတ်တွေကို ဟာသလေး နှောပြီး ပြောပြထားတာမို့ သဘောကျရင်း ခွီနေရပါတယ်နော်..။


“အဖေများနေ့ အမှတ်တရ ...

သတိတရနဲ့

သရုပ်ဆောင်လာငှားတော့ ပျော်တယ်လေ

အဖေခန်းက သရုပ်ဆောင်ရမှာတဲ့

ရတယ် အိုကေ ပြဿနာမရှိဘူးလေ ...

အဲ့နေရာက အူးလေးနဲ့မှဖြစ်မှာဗျတဲ့

အို ပိုကြိုက်ပြီလေ ...

မင်းသားနှစ်ယောက်ရဲ့အဖေတဲ့

အမူအယာ အမိုက်စားလုပ်ရမယ်တဲ့

ငယ်ဘဝ ကြီးဘဝ နှစ်မျိုးတဲ့

ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်တယ် ...

သွေးတွေ ပွက်ပွက်ဆူလာတယ်

လုပ်ပြီလေ အကြမ်းစားတွေ ...

မင်းသားတွေက ဘယ်သူလဲလို့မေးလိုက်တယ်

ငလူးးးးးးးးးး

အောင်မြင့်မြတ် နဲ့ ပြေဇင် တဲ့..” ဆိုပြီး ပရိသတ်တွေကို ဟာသလေးနှောပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲက အောက်မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေကလည်း စနောက်ရင်း Comment လေးတွေမှာ ပြောထားကြတာကိုလည်း ကြည်နူးပျော်ရွှင်စွာ မြင်တွေ့ရပါတယ်နော်..။

Photo - သားညီ၊ အောင်မြင့်မြတ်၊ ပြေဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။