ဗီဒီယိုလေးထဲက artist တစ်ယောက်ရဲ့လက်ရာဟာဆိုရင်လည်း မချီးကြူးဘဲနေ မနေနိုင်လောက်အောင်ကို ကျွမ်းကျင်ကောင်းမွန်လှပါတယ်။

ဘာကြောင့်လဲဆိုရင် သူလုပ်ပြသွားတဲ့အရာက အင်မတန်လက်ရာမြောက်လှသလို ဘာကြီးမှန်းသာမသိရင် တကယ့်ကို ထိတ်လန့်သွားစေနိုင်လောက်တာပဲဖြစ်ပါတယ်။

၎င်း artist လုပ်ပြခဲ့တာကတော့ သူဟာ ဖရဲသီတစ်လုံးကို Night King တစ်ကောင်လို လက်ရာမြောက်စွာပြုလုပ်ပြသသွားတာပဲဖြစ်ပါတယ်။

ယခုဖော်ပြပေးထားတဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း ၎င်း artist ရဲ့ပြုလုပ်ပုံအဆင့်ဆင့်ကို ထင်ထင်ရှားရှားပြသထားတာကြောင့် ပရိသတ်တွေအနေနဲ့ ပညာယူလေ့လာနိုင်တဲ့ ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် သူလုပ်ပြသွားတာကြီးကလည်း အရမ်းအသက်ဝင်လှတာကြောင့် အမှတ်မထင်သာကြည့်မိလိုက်မယ်ဆိုရင် လန့်သွားစေလောက်အောင် ပညာသားပါလှတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရော ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အခါ ၎င်း artist ရဲ့လက်ရာကို မချီးကျူးဘဲနေနိုင်ကြရဲ့လား။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။