Miss Universe Myanmar 2013 ဆုကို ဆွတ်ခူးခဲ့တဲ့ မိုးစက်ဝိုင်တစ်ယောက် မြန်မာသနပ် ခါးလေးတွေလိမ်းခြယ်ထားပြီး နုပျိုခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ တန်ဖိုးကြီးမိတ်ကပ်တွေသုံးမှ လှတယ်ဆိုတဲ့အကြောင်း အချက်တွေကို မြန်မာသနပ် ခါးလေး လူးပြီး လှလှပပလေး ချေပလိုက်တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ်က သူမရဲ့ရိုက်ကွင်းပုံရိပ်လေးတွေကို အမှတ်တရအနေ နဲ့ ပြန်လည်ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

သူမရဲ့ကိုယ်ပိုင်လုပ်ငန်းလေးအဖြစ်နဲ့ " MOZEY " အမှတ်တံဆိပ်နဲ့ Cosmetic တွေကို လည်း ထုတ်လုပ်ထားပြီး အမျိုးသမီးအများစုကလည်း နှစ်ခြိုက်စွာသုံးစွဲနေကြတာပဲဖြစ်ပါ တယ်။ အောင်မြင်တဲ့ အနုပညာရှင်သာမကပဲ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦးအဖြစ် လည်း ရပ်တည် နေတဲ့ ဘက်စုံတော်သူတစ်ယောက်ပါပဲ။ လူမှုကူညီရေးအဖြစ်နဲ့ ပရဟိတအသင်းလေးကိုလည်း တည်ထောင်ထားပါသေးတယ်။ အမြဲလိုလို လိုအပ်တဲ့နေရာ တိုင်းကို သွားရောက်ကူညီတတ်တဲ့ စိတ်ထားလှသူလေးပါပဲ။

သနပ်ခါးနဲ့ လှလွန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို Instagram မှာ တင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ချစ်စရာကောင်းတဲ့ သနပ်ခါးပုံရိပ်လေးတွေကို သဘောကျ ကြောင်းမှတ်ချက်တွေပေးခဲ့ပါသေးတယ်။ အများကြီးထပ်ပြင်စရာမလိုပဲ လှသွေးကြွယ် လွန်းနေတဲ့ မိုးစက်ရဲ့ အလှအပပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် တယ်နော်။

Photo - Moesett Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။