ခေတ်ကြီးဟာ တိုးတက်ပြောင်းလဲလာတာနဲအမျှ ခွဲစိတ်ပြုပြင်မှုတွေကိုလဲ အမျိုးမျိုး ပြုလုပ်လာနိုင်ကြပါတယ်။ အဲ့လိုခွဲစိတ်ပြုပြင်မှုတွေဟာ ခန္ဓာကိုယ်အတွက် လှပအောင် ပြုလုပ်လို့ရတဲ့အတွက် ယနေ့ခေတ်ကြီးမှာတော့ ရေပန်းစားလေ့ရှိပါတယ်။ ဒါပေမဲ့ ခုဖော်ပြသွားတဲ့ ခွဲစိတ်မှုတွေက ပုံမှန်မဟုတ်ပဲ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ခွဲစိတ်ပြုပြင်မှုတွေဖြစ်ပြီး မထင်ထားလောက်အောင် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တဲ့ဟာတွေပဲဖြစ်ပါတယ်။ Dugan Smith ဟာဆိုရင်တော့ အသက် ၁၀နှစ်မှာ ဖြစ်တောက်ဖြစ်ခဲ့ အရိုးကင်ဆာဖြစ်ခဲ့ပါတယ်။ ဆရာဝန်ကသူ့ရဲ့ခြေထောက်ကို ဖြတ်ယူရမှ ကင်ဆာရောဂါဘေးကနေ ကာကွယ်နိုင်မယ်လို့ ပြောပြခဲ့ပါတယ်။ 

၂၀၀၈ခုနှစ်မှာတော့ ဆရာဝန်တွေဟာ သူ့ညာဘက် ပေါင်ကနေခြေထောက်တစ်ခုလုံးကို ဖြတ်ထုတ်လိုက်ကာ ပေါင်အရင်းကနေ ခြေထောက်ကို နောက်ပြန်ပြန်တပ်ပေးခဲ့ပါတယ်။ သူ့ကိုအဲ့လိုမလုပ်ခင် အသက်ကိုစိုးရိမ်ရကြောင်းပြောခဲ့ပေမဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ခုချိန်မှာ သူကြိုက်တဲ့ Baseball ကစားနည်းကိုကစားနိုင်ပြီပဲဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Alama Kante ဆိုတဲ့သူဟာ သူမရဲ့လည်ပင်းက အကျိတ်ကိုထုတ်ဖို့အတွက်ခွဲစိတ်မှုလုပ်ခဲ့ပါတယ်။ အဲ့အကျိတ်ဟာဆိုရင် သူမကို လည်ချောင်ကိစ္စဖြစ်စေနိုင်တာမို့ ခွဲစိတ်ခြင်းပဲဖြစ်ကာ သူမရဲ့အသံကို ဆုံးရှုံးနိုင်တဲ့အတွက် ခွဲစိတ်မှုပြုလုပ်နေတုန်း သီချင်းဆိုခိုင်းခဲ့ကာ အောင်မြင်ခဲ့ပါတယ်။ အောက်မှာ သူမရဲ့ခွဲစိတ်ရုပ်သံပါပါတယ်။  

အသက်၇နှစ်အရွယ်သာရှိသေးတဲ့ Heather McNamara ဆိုတဲ့ကလေးမလေးမှာ ကြောက်စရာကောင်းလောက်တဲ့ အစာအိမ်ကင်ဆာတစ်ခုရှိခဲ့ပါတယ်။ အဲ့လိုဖြစ်နေတဲ့အတွက် သူ့ကိုမိဘတွေက အမျိုးမျိုးကုသခဲ့ပေမဲ့ အဆင်မပြေဖြစ်ကာ နောက်ဆုံးမှာတော့ Dr. Kato နဲ့တွေ့ခဲပြီး ကလေးမလေးကို ဘယ်လိုလုပ်မယ်ဆိုတာကို ပြောခဲ့ကာ သူမလဲ သေမထူးနေမထူးဆိုသလို လုပ်ခဲ့ပါတယ်။ Dr. Kato ကသူမကို ကင်ဆာဘေးကနေ လုံးဝလွတ်အောင် အင်္ဂါအစိတ်အပိုင်းခြောက်ခုကို သူမရဲ့ ခန္ဓာကိုယ်ထဲက ထုတ်ခဲ့ပါတယ်။ အဲ့အင်္ဂါတွေကတော့ အစာအိမ်၊ အသည်း၊ သရက်ရွက်၊ မုန့်ချိုအိတ် နဲပ အူသိမ်အူမတို့ကိုထုတ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၃နာရီလောက်မရပ်မနား ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုတစ်ခုပဲဖြစ်ကာ ထုတ်လိုက်ရတဲ့ဟာတွေကို တစ်ရှူးတွေနဲ့ပဲ ပြန်အစာထိုးခဲ့ကာ ၂၀၁၉ခုနှစ်မှာတော့ ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲရွှင်ပွဲပြုလုပ်ခဲ့ပြီး ကင်ဆာရောဂါရှိတဲ့သူတွေကို လှူဒန်းခဲ့ပါတယ်။ 

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။