ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အဆိုတော် သရုပ်ဆောင်အဝင်းနဲ့ သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းတို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေ ရရှိထားကြပြီး မင်းသားချောလေး အဝင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို ပိုင်ဆိုင်ထားသလို မအေးသောင်းလေးကလည်း ယောင်္ကျားလေးပရိသတ်တွေရဲ့ အသည်းထုကြီးပါပဲနော်..။


အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးနှစ်ယောက်ဟာ အအနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေပြီး Win's Shooow Time အစီအစဉ်လေးမှာလည်း အတူ ပါဝင်ခဲ့ကြပြီး ရယ်မောပျော်ရွှင်ခဲ့ကြပါတယ်နော်..။

အဝင်းနဲ့ ပထမဆုံးတွေ့ဆုံတဲ့ နေ့လေးဖြစ်တဲ့ Win's Shooow Time အစီအစဉ်လေးမှာလည်း နှစ်ယောက်သား မှတ်မှတ်ရရနဲ့ အခွီတွေနဲ့ အမှတ်တရဖြစ်ခဲ့ကြပြီး ပျော်ရွှင်စရာ အကြောင်းလေးတွေကိုလည်း အေးသောင်းက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။


မြန်မာစကားမပီတဲ့ အဝင်းရဲ့ ချစ်စဖွယ်အပြောစကားလေးကြောင့် အံ့သြခဲ့ရပြီး အူတတ်အောင် ခွီခဲ့ရတဲ့ အမှတ်တရလေးကို မအေးသောင်းက ချစ်ပရိသတ်တွေကို အခုလို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

“ကဲ ကဲ ကဲ

ပထမဆုံး အဝင်းနဲ့ဆုံတဲ့နေ့ပေါ့လေ။

သူကမေးတယ်

အဝင်း- "အမ ဆောရီးနော်

အမ အသက်ဘယ်လောက်ရှိပြီလဲ "တဲ့

အသောင်း - " အော် ရတယ် မောင်လေး

အမက ၃၅ ပြည့်တော့မယ် " လို့ပြောတော့

ဘာပြန်ပြောလဲ သိလား?????

အဝင်း- "ဟာာ အမ အမရယ် မမြင်ရဘူးသိလား" တဲ့

ကိုယ်လဲကြောင်သွားပြီး စဉ်းစားလိုက်ရတာအေ။

ခဏကြာမှ သဘောပေါက်ပြီး

ထရီလိုက်ရတာအူတောင်တက်တယ်အဝင်းရယ်။

ငါ့နှယ့် တကယ်က သူပြောချင်တာက

"မထင်ရဘူးလို့ပြောချင်တာ" တဲ့ အဲ့တာကို

"မမြင်ရဘူးနော်" လို့ပြောချလိုက်တာ။ အဲ့လိုပါဆို

စိတ်ဝင်စားစရာကောင်းမယ်လို့တထစ်ချယုံကြည်ပါတယ်။

ဘာလို့လဲဆိုတော့ အဲ့ဒီ့ show မှာ သီချင်းအသစ်ဆန်းဆန်းလေး

တပုဒ်ဆိုပြီး ကွေးနေအောင်ကထားတာ။

တခါမှမကဘူးတဲ့ ကိုယ့်ကိုမြင်ကြရမှာပါ။ ရှိတ် ရှိတ် ရှိတ်..” ဆိုပြီး ပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပဲ ဖြစ်ပါတယ်နော်..။

Photo - အေးသောင်း ၊ အဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။