အရင်ကထက် ပိုပြီးယုံကြည်မှုရှိလာကာ ပိုလှလာတဲ့ အေသင်တစ်ယောက် အဆိုတော် ဖြူဖြူဟန်ရဲ့ " အသည်းကွဲအထိမ်းအမှတ် " သီချင်းကို သူမရဲ့ကားထဲမှာဖွင့်ပြီး လိုက်ဆို ထားတာပဲဖြစ်ပါတယ်။ အစကတည်းက အဆိုပိုင်နိုင်သူဖြစ်ပြီး ဒီသီချင်းလေးကို လိုက်ဆိုရာ မှာလည်း ကျန်းမာရေး ကြောင့် အနည်းငယ်ချောင်းဆိုးနေတာကလွဲပြီး အတော်လေး နားထောင်ကောင်းတဲ့ သံစဉ်လေးပါပဲ။ မူရင်းသီဆိုသူနဲ့ ဖန်တီးသူဟာလည်း တကယ့်ကို ရသမြောက်အောင်ဖန်တီးထားပြီး အေသင်ကလည်း မူရင်းအရသာလေးမပျောက်အောင် ခပ်မိုက်မိုက်လေး လိုက်ဆိုထားတာပဲ ဖြစ်ပါတယ်။

တစ်သားမွေးတစ်သွေးလှဆိုတဲ့ စကားလေးနဲ့အညီ တဖြေးဖြေးနဲ့ ပိုပိုပြီးလှလာတဲ့ အေသင်တစ်ယောက် အပျိုရှုံးလောက်အောင်ကို လှသွေးကြွယ်နေပါပြီ။ ချစ်စဖွယ်သမီး လေး Ivy ဟာလည်း ပိုပိုပြီး နားလည်လာကာ အရမ်းကိုတတ်လွန်းနေတာမို့ မေမေ့ရဲ့ အသည်းကျော်လေး ဖြစ်လို့နေပါတယ်။ သူမလေးကိုလည်း ချစ်တဲ့ပရိသတ်တွေအများ အပြားရှိနေပြီး ချစ်စရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေက ညှစ်ချင်စရာပါ။

သူမရဲ့ Video လေးကို " ဘာရယ်မဟုတ်ပါဘူး ကားထဲက ဖုန်း Hander လေး စမ်းရင်းနဲ့ပေါ့ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပန်းရောင်သမ်းသမ်းလေးပြင်ထားတဲ့ သူမရဲ့ပုံစံလေးက အရုပ်မလေးလို အရမ်းကိုချစ်ဖို့ကောင်းလွန်းနေပါတယ်။ သီချင်းကိုလည်း ခံစားချက် အပြည့်နဲ့ လိုက်ဆိုနေတာကြောင့် နားဆင်နေသူတွေပါ စီးမျောသွားစေတာတော့ အမှန် ပါပဲ။

Photo - Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။