မော်ဒယ်လ်လောက ကနေ အနုပညာလောကထဲသို့ဝင်ရောက်ခဲ့တဲ့ သရုပ်ဆောင်ဆုမြတ်နိုးဦးကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ သူမဟာဆိုရင် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေများစွာရရှိလာပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပသူတစ်ယောက်ပါနော်....။ social media လောကမှာ အမျိုးသားပရိသတ်တွေ အများဆုံးရရှိထားပြီး ချစ်စရာအမူအရာလေးတွေကြောင့် အားလုံးက ဝန်းရံလျက်ရှိတာဖြစ်ပါတယ်...။ ဆုမြတ်နိုးဦးဟာဆိုရင် ဖက်ရှင်အလန်းစားလေးတွေဝတ်စားဆင်ယင်လျက်ရှိပြီး မြန်မာဝတ်စုံလေးတွေကိုလည်း အမြတ်တနိုးဆင်မြန်းလေ့ရှိတာပါ...။

ဆုမြတ်နိုးဦးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလျက်ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးလျက်ရှိတာပါ....။ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်း ထွက်လေ့ရှိပြီး အမှတ်တရပုံရိပ်တွေကိုလည်း ထုတ်ဖော်ပြသလေ့ရှိတာဖြစ်ပါတယ်..။ ဆုမြတ်နိုးဦးဟာ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် gym ကိုအချိန်မှန်မှန်နဲ့ ဆော့လေ့ရှိပြီး gym ကစားနေတဲ့ ပုံရိပ်တွေကို အမောပြေ တင်ဆက်ပေးနေတာပါ..။

ဆုမြတ်နိုးဦးဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးနေတာပါနော်...။ အခုတစ်ခါမှာဆိုရင်လည်း "အစားကိုချစ်မိနေမှတော့ ဆော့ရတော့မှာပေါ့နော်" ဆိုတဲ့ status လေးနဲ့တကွ လေ့ကျင့်ခန်းလုပ်တုန်းကပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားပြီး Myanamarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Hsu Myat Noe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။