အေးမြတ်သူကတော့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်သလို ပရိသတ်တွေရဲ့အချစ်ကို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ အေးမြတ်သူက ရှိရင်းစွဲ အသက်အရွယ်ထက် ဆယ်နှစ်လောက် ငယ်ရွယ်နုပျိုနေတဲ့ မိန်းမလှလေး ဖြစ်ပါတယ်။ အလှသတင်းကြီးတဲ့ ရွှေမင်းသမီးလေးဖြစ်တာကြောင့် ပုရိသတွေကလည်း အပြေးအလွှား ဝန်းရံနေရတာပါ။

လတ်တလောမှာတော့ သူမရဲ့အတွင်းသားအလှတွေ ထင်ပေါ်နေပြီး ညို့အားပြင်းနေတဲ့ ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေတာ ဖြစ်ပါတယ်။ အေးမြတ်သူက အလန်းစားဖက်ရှင်တွေနဲ့ ရင်ခုန်ချင်စရာကောင်းတဲ့ အလှတရားတွေ ပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။ အမြင်ဆန်း အသွင်ဆန်းတဲ့ပုံစံနဲ့ ပုရိသတွေကို ရင်ဖိုလှိုက်မောစေခဲ့တဲ့ အေးမြတ်သူက အနက်ရောင်ဖက်ရှင်တွေနဲ့ အပြတ်အသတ် ဂေါ်နေတာ ဖြစ်ပါတယ်။

အဆီပိုမရှိဘဲ ချပ်လျပ်လှပတဲ့ Body လေးနဲ့ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေလေးတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အေးမြတ်သူရဲ့အလှက မြင်သူတကာကို ယစ်မူးစေလောက်အောင်ပါပဲနော်။ လုံးဝအမိုက်စားဖြစ်နေတဲ့ အေးမြတ်သူက နိုင်ငံခြားမော်ဒယ်တစ်ယောက်လို့တောင် ထင်မှတ်ရလောက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အလန်းစားပုံစံနဲ့ အားလုံးရဲ့နှလုံးသားကို ညို့ယူပြုစားလိုက်တဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Aye Myat Thu & Nyi Nyi Maung;

Photo Credit - Love Space Photo Studio: 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။