ထိုင်းမှ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ ပုံတင်တဲ့သူတွေကိုယ်တိုင်ကိုက သူတို့အကြောင်းကို စာရေးသားပြီး လူမှုကွန်ယက်မှာတင်ခဲ့တာဖြစ်ပါတယ်။
အချစ်မှာမျက်စိမရှိဘူးလို့ပဲပြောမလား။ လူနှစ်ဦးနှစ်ယောင်ဆုံတွေ့ပြီး ရေစက်ပါလာတာလို့ပဲဆိုဆို ပုံပန်းသွင်ပြင်ကအရေးမကြီးဘဲ ချစ်ကြိုက်မိသွားတာတွေအများကြီးရှိပါတယ်။
ဒီဇာတ်လမ်းကတော့ ထိုင်းလူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ကောင်မလေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ငယ်စဉ်ဆယ်ကျော်သက်အရွယ်မှာ စတင်တွေ့ဆုံခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြင်ပန်းပုံစံကို အလေးမထားဘဲ မြတ်မြတ်နိုးနိုးချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။
နှစ်ယောက်ထဲကတစ်ယောက်ကတော့ ယောကျာ်းလျာဖြစ်ပြီး လိင်တူလိင်ကွဲချစ်ကြိုက်ဇာတ်လမ်းတွေများပြားလှတဲ့ထိုင်းမှာ သိပ်ထူးဆန်းပုံမပေါ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးက ထူးခြားတယ်ဆိုတာ ပုံတွေကိုအဆုံးထိကြည့်ပြီးတဲ့အခါ သဘောပေါက်မိပါလိမ့်မယ်။
Source : facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။