စိုးပြည့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ပြည်သူပရိသတ်တွေ အားလုံးက ချစ်ခင်နေရသူလေးပါနော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး စိုးပြည့်ဟာ အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေအပြင် ဖြူစင်ပြီးပွင့်လင်းတဲ့ ပုံရိပ်လေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေပါပဲ..။

ပြည်သူ့အသည်းကျော်လေး စိုးပြည့်ကတော့ ချစ်ရတဲ့ သူ့ရဲ့အမာခံ ပရိသတ်တစ်ဦးက သေရာပါတက်တူးထိုးပြီး ချစ်သက်သေပြခဲ့တဲ့ Surprise လေးကြောင့် ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါတယ်နော်..။

စိုးပြည့်လေးရဲ့ အမာခံပရိသတ်တစ်ဦးက စိုးပြည့်သဇင်ဆိုတဲ့ သူမရဲ့ နာမည်လေးကို လက်မှာ သေရာပါတတ်တူးထိုးခဲ့တာမို့ ကြည်နူးမှုလေးတွေနဲ့အတူ ဝမ်းလည်းဝမ်းသာသလို ဝမ်းလည်းနည်းတယ်ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်..။

"နာကျင်မယ်ဆိုတာကိုသိသိရက်နဲ့...သေရာပါတဲ့နာမည်လေးထိုးပြီးချစ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်...ဝမ်းလည်းသာသလို...ဝမ်းလည်းနည်းပါတယ်....အမှန်တိုင်းပြောရရင်တော့နာမှာစိုးတာရယ်...ပြန်ဖျက်လို့မရတာရယ်ကြောင့်မထိုးစေချင်မိတာပါ....အရမ်းချစ်ကြတာတွေ့ရတော့လည်းဝမ်းသာမိပါတယ်...အရာအားလုံးအတွက်ကျေးဇူးပါ..We loveတို့ရေ...." ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာမို့ တကယ်ကို ဖြူစင်သူလေးပါနော်..။

ချစ်ရတဲ့ စိုးပြည့်လေးကတော့ သူမရဲ့ ချစ်ပရိသတ်တွေ နာကျင်မှာတွေးပူပေးတတ်တဲ့ ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့ စိတ်သဘောထားလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်..။

Photo - စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။