မြန်မာနိုင်ငံတော်ရဲ့ အဓိကပင်မသစ်ပင်ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို အားလုံးလေးစားမိမယ်ထင်ပါတယ်။ ပန်းတိုင်တစ်ခုရောက်ဖို့ အချိန်များစွာ ရင်းနှီးခဲ့ပြီး လက်ရှိ အသွင်သစ်အမြင်သစ် များစွာကို ဖန်တီးပေးနေသူတစ်ယောက်ဖြစ်တာကို အားလုံးလက်ခံလျှက်ရှိတာတွေ့ရပါတယ်။ ဖခင်သွေးအပြည့်ပါသူတစ်ယောက်ဖြစ်ပြီး လက်ရှိအထိ ပြည်သူများရဲ့ အားကိုးရာ တစ်ခုပဲဖြစ်ပါတယ်။  

ဒီကနေ့ ဇွန်လ ၁၉ရက်နေ့ဟာဖြင့် အမေစုရဲ့ ၇၄နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နှစ်စဉ်အမေစုရဲ့မွေးနေ့ကို ပြည်သူများစွာက မွေးနေ့အမှတ်တရလေးတွေပြုလုပ်ပေးလေ့ရှိပြီး မွေးနေ့ဆုတောင်းများ တောင်းပေးလေ့ရှိတာလည်းတွေ့ရပါတယ်။ အဆိုပါ မွေးနေ့ဆုတောင်းတောင်းပေးသူတွေထဲမှာ ပရိသတ်အချစ်တော်အနုပညာရှင်များစွာလည်း ပါဝင်လေ့ရှိတာတွေ့ရပါတယ်။  

အမေစုကတော့ သူမရဲ့ မွေးနေ့တိုင်းကို ကုသိုလ်ပြုလေ့ရှိပြီး အမှတ်တရအလှူတစ်ခုကို ပုံမှန်လုပ်လေ့ရှိတာလည်းတွေ့ရပါတယ်။ ဒီကနေ့ ၇၄ နှစ်ပြည့်မွေးနေ့မှ နောင်နှစ်တွေမှာလည်း ပျော်ရွှင်မှုများစွာနဲ့အတူ နိုင်ငံတာဝန်ကို ထမ်းဆောင်နိုင်ဖို့ ဆုတောင်းရင်း အမေစုမွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။

Photos - Moe D Pa  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။