ကြက်တောင်ရိုက်အားကစားကနေမြန်မာ့ဂုဏ်ကိုဆောင်နေတဲ့ကြက်တောင်ရိုက်ကစားသမားသက်ထားသူဇာကတော့ခုမှာလည်းမော်ရစ်သျှနိုင်ငံမှာကျင်းပတဲ့ပြိုင်ပွဲမှာလည်းဗိုလ်စွဲနိုင်ခဲ့ပါပြီ။သက်ထားသူဇာကတော့နောက်ဆုံးဖိုင်နယ်မှာဖင်လန်ကစားသမားနဲ့တွေ့ဆုံခဲ့ပြီးခက်ခက်ခဲခဲကစားကာအနိုင်ရခဲ့တာပါ။

မြန်မာနိုင်ငံအတွက်ကြက်တောင်အားကစားကနေနိုင်ငံ့ဂုဏ်ဆောင်နေတဲ့သက်ထားသူဇာကတော့မနေ့ကမြန်မာနိုင်ငံကိုပြန်ရောက်ခဲ့ပါတယ်။နိုင်ငံ့ဂုဏ်ဆောင်သက်ထားသူဇာကိုတော့ပရိသတ်တွေအများအပြားကလည်းလာရောက်ကြိုဆိုခဲ့ပါတယ်။အောင်ပွဲရသက်ထားသူဇာကိုသူမရဲ့မိဘတွေကလည်းလာရောက်ကြိုဆိုဂုဏ်ပြုခဲ့တာပါ။

သူမကတော့ဒီလိုချန်ပီယံဆုကိုရရှိဖို့အတွက်ပထမအဆင့်ကနေပြီးတော့ခက်ခက်ခဲခဲယှဉ်ပြိုင်ရတာဖြစ်ပါတယ်။နောက်ဆုံးဖိုင်နယ်တက်ဖို့လည်းခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးဗိုလ်လုပွဲမှာကမ္ဘာ့အင်အားကြီးဖင်လန်နိုင်ငံသူကိုအနိုင်ယူခဲ့တာပါ။သက်ထားသူဇာကတော့၂၀၁၈ခုနှစ်နောက်ပိုင်းဆုဖလားတွေ၊ဆုတံဆိပ်တွေနဲ့မြန်မာနိုင်ငံဂုဏ်ကိုဆောင်နေတာဖြစ်ပါတယ်။

SOURCE:THET HTAR Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။