ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော ချောရတနာဟာဆိုရင် အနုပညာကိုကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့တိကျပိုင်နိုင်တဲ့အိုင်တင်တွေက ပရိသတ်တွေရဲ့ရင်ကိုလှုပ်ခက်စေခဲ့လို့ အကယ်ဒမီဆုကြီးကိုလည်းရရှိထားတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ချောရတနာက အနုပညာအလုပ်တွေနဲ့နည်းနည်းဝေးကွာနေပြီး တတ်နိုင်သလောက်ကိုသာ တစ်ခါတစ်လေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ချောရတနာကတော့ သူမရဲ့မိသားစုလေးအတွက်သာ အချိန်ပေးဂရုစိုက်နေပြီး သားတစ်ယောက်သမီးတစ်ယောက်မွေးထားတာကြောင့် ကလေးတွေရဲ့ဝေယျာဝစ္စကိုလည်း လိုလေသေးမရှိအောင်လုပ်ဆောင်ပေးတဲ့အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ချောရတနာကတော့ ကလေးနှစ်ယောက်မွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပေမယ့် လှပပျိုမျစ်မှုတွေကကျန်ရှိနေပါသေးတယ်နော်။

ချောရတနာရဲ့သားနဲ့သမီးတွေကလည်း အမေတူလေးတွေဖြစ်လို့ အရမ်းချစ်စရာကောင်းပြီး စကားလေးတွေတီတီတာတာပြောတတ်တာကြောင့် လူတိုင်းကဝိုင်းချစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချောရတနာရဲ့သားနဲ့သမီးက မေမေ့ပေါင်ပေါ်မှာထိုင်ပြီး TVကဖွင့်ထားတဲ့ ကုလားသီချင်းကို စိတ်ဝင်တစားနဲ့ကြည့်ရှု့နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။