နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ဒါဟာ ၂၀၁ရအတွက် အကြီးကျယ်ဆုံးတီထွင်မှုဖြစ်လာမှာလား။ ဒီ Oohoလို့ခေါ်တဲ့ ရေသန့်ပူဖောင်းတွေကိုတော့ လန်ဒန်မှာရှိတဲ့ Skipping Rocks ဓာတ်ခွဲခန်းမှ ကျောင်းသားတစ်စုက တီထွင်ခဲ့တာဖြစ်ပြီး စားလို့ရတယ်လို်ဆိုပါတယ်။

ရေပူဖောင်းအခွံကို ရေညှိနဲ့အခြားသော သဘာဝပစ္စည်းတွေကနေ ပြုလုပ်ထားတာမို့ ကျန်းမာရေးအတွက် အထူးစိုးရိမ်စရာမလိုဘဲ သဘာဝအတွက် အန္တရာယ်များတဲ့ ပလတ်စတစ်ရေသန့်ဘူးခွံတွေနေရာမှာ အစားထိုးလာနိုင်မှာလားဆိုတာ စောင့်ကြည့်စရာရှိပါတယ်။

တီထွင်ခဲ့တဲ့ကျောင်းသားတွေဟာ ဒီရေသန့်ပူဖောင်းလေးတွေဟာ လူတိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်မှာ အလွယ်တကူလုပ်နိုင်တာမို့် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်မှာဖြစ်ပြီး ကြည့်ရှုသူတွေကတော့ ကျန်းမာရေးနဲ့ညီမညီ၊ ရေကိုသောက်ရမှာလား၊ စားရမှာလားဆိုတဲ့ ဝေဖန်မှုအမျိုးမျိုးနဲ့ ဝေဖန်နေကြပါတယ်။

Source : CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။