မြန်မာနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်း အနုပညာရှင် မိသားစုဖြစ်တဲ့ ပြေတီဦးနဲ့ အူဝဲ တို့ရဲ့ နှစ်ဆန်းတစ်ရက်နေ့ အလှူမင်္ဂလာကတော့ တကယ်ကို မွန်မြတ်လှပါတယ် ပရိသတ်ကြီးရေ……

သူတို့ မိသားစုလေးကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကယ်ပြီး ငါးလေးတွေလွှတ်ခဲ့ပါတယ်။ ဒီအလှူလေးနဲ့ ပတ်သတ်ပြီး သူတို့မိသားစု Fan Page မှာ ယခုလိုပဲ ရေးသားထားတာတွေ့ရပါတယ်။

"မနက်က စျေးထဲမှာ အသတ်ခံရတော့မယ့် ငါးကလေးတွေကိုဝယ်ပြီး မိသားစုသွားလွှတ်ဖြစ်တယ်...

ချစ်သောပရိသတ်များအားလုံး နှစ်သစ်မှစပြီး စိတ်နှလုံးငြိမ်းချမ်းနိုင်ကြပါစေ???"

သူတို့ မိသားစုကတော့ သင်္ကြန်တွင်း ပြည်ပခရီးသွားခဲ့တာဖြစ်ပြီး ခရီးစဉ်ဓာတ်ပုံလေးတွေကတော့ ပရိသတ် အားကျစရာ ချစ်စရာ ဖြစ်ခဲ့ရပါတယ်။ အခုတစ်ခါလည်း ဒီလို မွန်မြတ်တဲ့ကုသိုလ်တွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုနေတဲ့ တီတီနဲ့ အူဝဲတို့ မိသားစုလေးတွေအတွက် နှစ်သစ်ဆုတောင်းစကားလေး ပြောပေးခဲ့ဦးနော်……………

Source: Pyay Ti Oo and Eaindra Kyaw Zin Family

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။