ပရိသတ်ကြီးရေ.... Mrtv-4 မင်းသမီးတစ်ဦးဖြူပြီးစိတ်ထားဖြူစင်လှပတဲ့ ပိုးကြာဖြူခင်ကိုသိကြမယ်ထင်ပါတယ်နော်။ "မိုးကောင်းကင်အိမ်မက်" ရုပ်သံဇာတ်လမ်းတွဲမှာ အဆိုတော်မလေးဆိုင်းမိုင်အဖြစ် ပရိသတ်တို့ရဲ့ အသည်းနှလုံးကို ယခုအချိန်အထိခြွေယူသိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးဖြစ်ပါတယ်။ သဘာဝကျကျသရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ တတိုင်းပြည်လုံးရှိပရိသတ်တွေက တစ်ခဲနက်ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

ပိုးကြာဖြူခင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ကြော်ငြာမဂ္ဂဇင်းတွေကို အများဆုံးလက်ခံရိုက်ကူးလျက်ရှိပြီး နောက်ရိုက်မယ့်ဇာတ်လမ်းတွဲအသစ်တွေအတွက် ကြိုးစားပြင်ဆင်လျက်ရှိတာဖြစ်ပါတယ်...။ သူမရဲ့ မောင်လေးကိုလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ပံ့ပိုးကူးညီပေးလျက်ရှိတာဖြစ်ပါတယ်...။ မြန်မာဝတ်စုံလေးတွေကိုလည်း ရိုးယဉ်စွာ ဝတ်ဆင်လျက်ရှိပြီး နန်းဆန်တဲ့ အလှပုံရိပ်တွေကို အားလုံးကရှုစားကြရမှာပါ...။ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိကြီး အမှတ်တရပုံရိပ်တွေကိုလည်း တင်ဆက်ပြသပေးနေတာပါနော်...။

ပိုးကြာလေးက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ပုဂံမြို့သို့ရောက်ရှိနေပြီး အမှတ်တရအလန်းစားပုံရိပ်တွေကို"Good morning Bagan ပုဂံမြို့ရဲ့ မိုးရာသီလေးက ချစ်စရာလေး" ဆိုတဲ့ status လေးနဲ့အတူ သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Poe Kyar Phyu Khin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။