မြန်မာ့လက်ရွေးစင်အသင်းမှာခြေစွမ်းပြပြီးဂိုးတွေသွင်းယူပေးနေတဲ့ကစားသမားကတော့ မောင်မောင်လွင်ပဲဖြစ်ပါတယ်။သူကတော့မြန်မာ့လက်ရွေးစင်အသင်းမှာသာမကမိခင်ရန်ကုန်ယူနိုက်တက်အသင်းမှာပါခြေစွမ်းပြနေတဲ့ကစားသမားကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကြောင့်လည်းပရိသတ်အခိုင်အမာနဲ့နိုင်ငံကျော်ဘောလုံးသမားတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်တွေအားပေးနေတဲ့မောင်မောင်လွင်ကတော့သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကြောင့်လည်းထိုင်းလိဒ်ကလပ်တွေကခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကလည်းအသက်ငယ်ငယ်လေးနဲ့ခြေစွမ်းပြဂိုးတွေကိုအရေးပါတဲ့အချိန်တွေမှာသွင်းယူနိုင်တာကြောင့်လက်ရွေးစင်အသင်းမှာအသက်ငယ်ငယ်နဲ့ရွေးခြယ်ခံရတာဖြစ်ပါတယ်။

အဲ့လိုခြေစွမ်းတွေပြနိုင်တဲ့မောင်မောင်လွင်ရဲ့မွေးနေ့လေးကိုတော့မနေ့ကရန်ကုန်ယူနိုက်တက်အသင်းရဲ့ညနေခင်းလေ့ကျင့်ခန်းဆင်းအပြီးမှာအသင်းသားတွေနဲ့ပျော်ရွှင်စွာဆင်နွှဲခဲ့ပါတယ်။ပရိသတ်တွေအတွက်လည်းမောင်မောင်လွင်ရဲ့မွေးနေ့အသင်းသားတွေနဲ့ပျော်နေတဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Photo:Yangon United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။