ပရိသတ်ကြီးရေ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အသက်အရွယ်တစ်ခုကိုလည်းရောက်နေပြီဖြစ်တဲ့အပြင် အောင်မြင်မှုတွေကလည်း ယနေ့အချိန်ထိမကျသွားသေးဘဲ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိထားဆဲပါနော်။ထွန်းအိန္ဒြာဗိုလ်က အခုချိန်မှာဆိုရင်လည်း အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားတွေအများအပြားကိုလည်းရိုက်ကူးနေဆဲဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ ချစ်ခင်ပွန်းကလည်း ဇနီးဖြစ်သူရဲ့ အနုပညာအလုပ်တွေကိုနားလည်ပေးပြီး တတ်နိုင်သလောက်ကိုကူညီဖေးမပေးနေတဲ့ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် တစ်ဦးတည်းသောသားလေးကလည်း မိဘတွေအပေါ်ကိုလိမ္မာသိတတ်ပြီး ထူးချွန်ထက်မြက်တဲ့သားလေးတစ်ယောက်ဖြစ်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်က သားလေးရဲ့ဝါသနာပါတဲ့အရာလေးတွေကိုလည်း မိခင်တစ်ယောက်အနေနဲ့ ဖြည့်ဆည်းပေးပြီး သူငယ်ချင်းလိုဆက်ဆံပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း ထွန်းအိန္ဒြာဗိုလ်က သားလေးရဲ့ကျောင်းပိတ်ရက်မှာ"သူ့ ကျောင်းပိတ်ရက်တွေ မို့ အနားကပ်ခွင့်ရတာ ကျေးဇူးတင်နေရတယ်လေ"ဆိုပြီး သားလေးနဲ့အတူလျှောက်လည်နေတာကိုတွေ့ရပါတယ်နော်။

Source:Mi Mi Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။