ဒီနေ့ ဇွန်လ (၁၉) ရက်နေ့ကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၄) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ လေးစားချစ်ခင်ရတဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ အမေစုရဲ့မွေးနေ့အတွက်လည်း တစ်နိုင်ငံလုံးက ဝိုင်းဝန်းဆုတောင်းပေးခဲ့သလို ပရိသတ်အချစ်တော် အနုပညာရှင်တွေကလည်း ဂုဏ်ပြုမွေးနေ့ဆုတောင်းစကားဆိုခဲ့ကြပါတယ်။

အမေစုအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် လူမင်းက " အမေ (သို့မဟုတ်) စကားလုံးမရှိတဲ့ ကောင်းကင်" ဆိုပြီး အမေစုရဲ့ပုံရိပ်တွေနဲ့အတူ ချီးကျူးဂုဏ်ပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော်၊ သရုပ်ဆောင် စန္ဒီမြင့်လွင်ကလည်း အမေစုကို အနမ်းပေးခဲ့တဲ့ အမှတ်တရပုံလေးနဲ့အတူ "Happy birthday " ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

ထို့အတူ မင်းသားချောလေး ဒေါင်းကလည်း " ၁၉ ဂျွန် ငြိမ်းချမ်းခြင်းများစွာ အလင်းများစွာ အနာဂါတ်များစွာအတွက် မွေးဖွားပေးခဲ့တဲ့နေ့ အမေစုကျန်းမာချမ်းသာပါစေလို့ ပြည်သူတစ်ယောက်အနေနဲ့ ဆုမွန်ကောင်းတောင်းပါတယ် မေတ္တာများစွာဖြင့်အောင်နိုင်ပါစေ တို့အားလုံးရဲ့အမေ..." ဆိုပြီး အမေစုရဲ့မွေးနေ့မှာ ဂုဏ်ပြုစကားတွေနဲ့ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူအားလုံးက ချစ်ရတဲ့အေမစုတစ်ယောက် မွေးနေ့မှာ သက်ရှည်ကျန်းမာပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source:Ayarwady Lu Min, DAUNG - ဒေါင်း & Sandy Myint Lwin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။