ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေးတစ်ဦးဖြစ်သလို ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းလွန်းတဲ့ အကယ်ဒမီများရှင် အနုပညာရှင်များလေးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော် ဖွေးစိန်းလေးကတော့ ပီပြင်တဲ့ သူမရဲ့အံ့မခန်းသရုပ်ဆောင် ပိုင်နိုင်မှုတွေဟာ ချစ်ပရိသတ်တွေကို သဘောကျအကြိုက်တွေ့စေသလို ကလေးတစ်ယောက်လို့ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ပုံရိပ်လေေးတွကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါနော်..။


ဖွေးစိန်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အသည်းကျော်လေး သူမကတော့ ဒီကနေ့မှာ ကျရောက်လာတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ အမေဒေါ်အောင်တန်းစုကြည်ရဲ့ အသက်(၇၄)နှစ်ပြည့် မွေးနေ့လေးကို ဂုဏ်ပြုပေးလိုက်ပါတယ်နော်..။

ဒီကနေ့လေးမှာ ကျရောက်လာတဲ့ အမေစုရဲ့ မွေးနေ့လေးမှာ မြန်မာတစ်နိုင်ငံလုံး ပြည်သူပရိသတ်တွေတိုင်း မွေးနေ့ပွဲလေးတွေနဲ့ အလှူလေးတွေ ပြုလုပ်ပေးနေကြပြီး ဖွေးစိန်လေးကလည်း အမေစုအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောထားတာပဲ ဖြစ်ပါတယ်..။


အမေစုရဲ့ ဓာတ်ပုံလေးနဲ့အတူ “Happy Birthday to Our Hero & Mother ...

19th June, 2019..” ဆိုပြီး ကြည်နူးစကာ မွေးနေ့ဂုဏ်ပြုစကားလေး ပြောထားတာဖြစ်ပြီး ပရိသတ်တွေကလည်း အဲ့ဒီပို့စ်ရဲ့အောက်မှာ ဆုတောင်းစကားလေးတွေ ကိုယ်စီပြောထားကြတာ တွေ့ရပါတယ်..။

ဒီကနေ့လေးမှာ မွေးနေ့ကျရောက်လာတဲ့ အမေစုရဲ့ အသက်(၇၄)နှစ်ပြည့် မွေးနေ့လေးအတွက် ချစ်ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းလေးတွေ ပြောနေကြတာကလေးတွေကလည်း တကယ်ကို ကြည်နူးပျော်ရွှင်စရာလေးပါပဲ..။

Photo - ဖွေးဖွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။