တစ်ချိန်က NSM ဆိုတဲ့တိုက်စစ်နဲ့ဘာစီလိုနာမှာအောင်မြင်မှုတွေယူပေးခဲ့တာကတော့ခုPSG တိုက်စစ်မှူးနေမာပဲဖြစ်ပါတယ်။သူကတော့အသက်ငယ်ငယ်လေးနဲ့ခြေစွမ်းပြအောင်မြင်မှုတွေယူနိုင်တာကြောင့်အအောင်မြင်ဆုံးကမ္ဘာကျော်ကစားသမားတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

သူ့ရဲ့အောင်မြင်မှုတွေကြောင့်လည်းသူရဲ့ကောင်မလေးတွေကတော့အများအပြားပဲဖြစ်ပါတယ်။ဒါပေမယ့်သူ့တွဲခဲ့တဲ့မိန်းကလေးတွေထဲက Burna Marquezine ကတော့သူဘယ်တော့မှမေ့မရနိုင်တဲ့ချစ်သူလေးပဲဖြစ်ပါတယ်။Burna ကလည်းအနုပညာလောကမှ အအောင်မြင်ဆုံးသူတစ်ယောက်ဖြစ်ပါတယ်။နေမာနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးလေးကလည်းတစ်ချိန်တုန်းကပရိသတ်တွေပါအားကျခဲ့ရတဲ့အချစ်ရေးလေးပဲဖြစ်ပါတယ်။

နေမာကတော့ Burna ကို၂၀၁၈ခုနှစ်အောက်တိုဘာ၁၈ရက်နေ့မှာလမ်းခွဲခဲ့တာဖြစ်ပါတယ်။နေမာကတော့သူ့ကိုလမ်းခွဲအပြီးမှာ ၆နှစ်အတွင်း၄ကြိမ်မြောက်အသည်းကွဲတာဖြစ်ပါတယ်။နေမာ PSG အသင်းရောက်ရှိသွားတာကတော့သူတို့နှစ်ယောက်ရဲ့အချစ်တွေကိုခြားနားလိုက်သလိုဖြစ်ခဲ့တာပါ။နေမာဟာ Burna နဲ့လမ်းခွဲပြီးနောက်ပိုင်းမှာခြေစွမ်းတွေလည်းကျဆင်းလာပြီးဒဏ်ရာတွေလည်းမကြာခဏရပြီးအသင်းမှာနားနေရတာပါ။နေမာကတော့ Burna ကိုပြန်ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့်လည်းငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းနေမာတစ်ချိန်တုန်းကဘယ်လိုတောင်ချစ်လဲဆိုတာ video လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။