ဒီတစ်ခေါက် ဖော်ပြပေးချင်တာကတော့ မိုးကြိုးဖြစ်ပေါ်လာပုံအကြောင်းပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ မိုးကြိုးဖြစ်ပေါ်ရတဲ့ သီအိုရီနှစ်ခုရှိပြီး ပထမအယူအဆကတော့ cosmic particles တွေနဲ့ လေထုထဲမှာရှိတဲ့ အမှုန်တွေ ပွတ်တိုက် ကြိတ်မိရာကနေ အာ့ဒီအမှုန်တွေထဲမှာရှိတဲ့ အီလက်ထရွန် (လျှပ်စစ်အမဓါတ်)တွေ လွတ်ထွက်သွားပြီး လျှပ်စစ် အဖိုဓါတ်၊ အမဓါတ်တွေဟာ တိမ်တိုက်တွေရဲ့ထိပ်နဲ့အောက်ခြေမှာတကွဲတပြားစီဖြစ်သွားတဲ့ လျှပ်စစ်ဓါတ်ပြိုကွဲ မှု ဖြစ်စဉ်ဖြစ်ပေါ်လာပါတယ်။ ဒုတိယအယူအဆကတော့ ရေခဲမှုန်ကလေးတွေ နဲ့ မိုးပေါက်လေးများ တိမ်တိုက်အတွင်း တိုက်မိရာမှ လျှပ်စစ်ဓါတ်ပြိုကွဲမှုဖြစ်လာတာလည်းရှိပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် နောက်ဆုံးမှတော့ ာ တိမ်တိုက်အောက်နားမှာရှိနေတဲ့ လျှပ်စစ်မဓါတ်တွေဟာမြေပြင်ဆီသို့ ပြန့်ကားလာသလို ဆွဲဆောင်ခံရတဲ့ အဖိုဓါတ်တစ်ချို့ဟာလဲ မြေမျက်နှာပြင်ရှိရာ ဆင်းလာပါတယ်။ အာ့ဒီနောက်မှာတော့ မြေပြင်မှာရှိနေတဲ့အရာဝတ္ထုတွေထံမှ လျှပ်စစ်အဖိုဓါတ် ဟာ ဆင်းလာတဲ့ အမ ဓါတ်ကိုတွေ့ဖို့ ထွက်ရှိလာပြီး ထိုဓါတ်နှစ်ခုဆုံတွေ့တဲ့အခါမှာတော့ အပူထုတ်လွှတ်မှုဖြစ်လာကာ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအဆင့်တွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။

မိုးကြိုးဟာ များသောအားဖြင့် မုန်တိုင်းအစနှင့်အဆုံးပိုင်းမှာဖြစ်ပေါ်လေ့ရှိပြီး ပျမ်းမျှ မိုးကြိုးအရှည်ဟာ တိမ်တိုက်ကနေမြေပြင်အထိ ၂ မိုင်မှ ၁၀ မိုင်ခန့်ရှည်လျားပါတယ်။ မိုးကြိုးရဲ့အပူချိန်ဟာ အမြင့်ဆုံး 50,000 ဒီဂရီဖာရင်ဟိုက် အထိမြင့်တက်နိုင်တာကြောင့် မိုးကြိုးအပစ်ခံရတဲ့အရာဝတ္ထုတွေ မီးသွေးတုံးလိုမျိုး မည်းတူးသွားကြတာပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ နှစ်စဉ်မိုးကြိုးပစ်၊လျှပ်စီးလက်မှု အကြိမ်ပေါင်း သန်း ၁၄၀၀ ခန့်ရှိပြီး တစ်နေ့တည်းမှာပင် 8,640,000 ကြိမ်ခန့်၊ တစ်စက္ကန့်လျှင် အကြိမ် ၁၀၀ ခန့် ပစ်နေတယ်လို့ဆိုနိုင်ပါတယ် ပရိသတ်ကြီးရေ...

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။