အောင်လအန်ဆန်းရဲ့ ညီတပည့်ဖြစ်သူတွေထဲမှာ အတော်ဆုံးနဲ့ အကောင်းဆုံးဖိုက်တာတွေကတော့ အနည်းငယ်လောက်သာ ရှိပါတယ်။ အဆိုပါ ညီတပည့်တွေထဲမှာ ထီရယ်ထန်းကတော့ နပမ်းပညာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး နပမ်းပွဲပေါင်း ၅၀၀ နီးပါး အနိုင်ယူထားကာ ဖရီးစတိုင်လ်နဲ့ ဂရီကို-ရိုမန် နပမ်းနယူးယောက်ပြည်နယ်မှာ ချန်ပီယံတစ်ဦးဖြစ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပထမဆုံး One Championship ပြိုင်ပွဲမှာလည်း အနိုင်ရလဒ်တစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။  

လက်ရှိ ထီရယ်ထန်ကတော့ နောင်လာမည့်ပြိုင်ပွဲတွေအတွက် ပြင်ဆင်မှုတွေဆက်တိုက်ပြုလုပ်နေပြီး အဆင်သင့်ဖြစ်နေသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ နေ့စဉ် ကြိုးစားလေ့ကျင့်လျှက်ရှိပြီး အားလပ်ရက်အချိန်များမှာလည်း မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတက်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

ဆရာဖြစ်သူ အောင်လအန်ဆန်းနဲ့အတူ ပူးတွဲလေ့ကျင့်မှုတွေကိုလည်း မကြာခဏပြုလုပ်တက်ပြီး MMA ပြိုင်ပွဲရဲ့ လိုအပ်ချက်တွေကို အဆက်မပျက်သင်ယူနေသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ မှာလည်း ထီရယ်ထန်ကတော့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အပြင်းစားလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပြသထားတာတွေ့ရပါတယ်။ ONE CHAMPIONSHIP (MMA ) ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်တဲ့ ထီရယ်ထန်ရဲ့ ဗီဒီယိုဖိုင်ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vIDE0 - TIAL THANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။