ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်အနုပညာရှင် မင်းသမီးချောလေးတွေထဲမှာ မေမြင့်မိုရ်၊ စံရတီမိုးမြင့်နဲ့ ရွှေသမီးတို့ကတော့ ယောင်္ကျားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြသူလေးတွေပါပဲ..။

ချစ်စရာကောင်းပြီး အလှကိုယ်စီနဲ့ ပရိသတ်တွေကို ဖမ်းစားထားကြတဲ့ သူမတို့သုံးယောက်ကတော့ အနုပညာအလုပ်တွေကို အတူလုပ်ဆောင်နေကြပြီး လတ်တလောမှာလည်း ခရီးတွေထွက်ရှိနေကြတာ တွေ့ရပါတယ်နော်..။


ရိုက်ကူးလေးလုပ်ဆောင်နေကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေလေ့ရှိကြသလို အခုတစ်ခါမှာလည်း အနုပညာအလုပ်တွေနဲ့ခရီးထွက်နေကြတဲ့ ပျော်စရာပုံရိပ်လေးတွေကို အလွမ်းပြေမျှဝေလိုက်ပါတယ်နော်..။

ခရီးအတူသွားရင်း ပျော်ပျော်ပါးပါး မုန့်တွေအတူစားကာ ရယ်မောပျော်ရွှင်နေကြတဲ့ အခွီလေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အလွမ်းပြေဗီဒီယိုလေးရိုက်ကူးပြီး မေလေးက တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။


မိသားစုတွေအပြင် အနုပညာရှင်ညီအစ်မတွေနဲ့အတူ ခရီးသွားရင်း ပျော်ပျော်ပါးပါး မုန့်စားရင်း ရယ်မောနေကြတဲ့ မေလေးတို့ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုတော့ ချစ်ပရိသတ်တွေကလည်း အလွမ်းလေးတွေပြေရင်း သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အသည်ေးကျာ်လေးသုံးယောက်ရဲ့ ခရီးသွားဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။