တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ နိုင်ငံကျော်တေးသံရှင် အောင်ရင်ကတော့ နှစ်ပေါင်များစွာဂီတလောကမှာ အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အဖေဆီကနေ အနပညာပိုးတွေအပြည့်ပါတဲ့ မိုးအောင်ရင်ကတော့ အနပညာလောကရဲ့ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ကြယ်ပွင့်တစ်ပွင့်လဲ ဖြစ်ပါတယ်။  

မိုးအောင်ရင်ကတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ရိုးသားပွင့်လင်းတဲ့ ပုံစံလေးကြောင့် ပရိသတ်တွေတင် မကဘဲ အနပညာရှင်အချင်းချင်ကတောင် ချစ်ခင်ရပါတယ်။ မိုးအောင်ရင်ကတော့ အနပညာအလုပ်တွေမှာလဲ ကျွမ်းကျင်မှုရှိသလို အားကစားနည်းဖြစ်တဲ့ လက်ဝှေ့နဲ့ ကြက်တောင်ရိုက်နည်းကိုလဲ အချိန်အားရင်အားသလို ဆော့ကစားသူဖြစ်ပါတယ်။ 

မိုးအောင်ရင်ကတော့ ယနေ့မှာ အားကြိုးမာန်တတ် အားကစားလုပ်နေရင်း ခြေထောက်မှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ မိုးအောင်ရင်ကတော့ " The result of extreme training.. " ဆိုပြီး ဒဏ်ရာ ရရှိခဲ့တဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးအောင်ရင်ရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source: မိုးအောင်ရင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။